Sharing is Loving.

http://www.onlinesharingsite.co.nr

Sharing is Loving.

http://www.onlinesharingsite.co.nr

Sharing is Loving.

http://www.onlinesharingsite.co.nr

Sharing is Loving.

http://www.onlinesharingsite.co.nr

Sharing is Loving.

http://www.onlinesharingsite.co.nr

Showing posts with label World News. Show all posts
Showing posts with label World News. Show all posts

ၾသစေတးလ် နိုင်ငံကူး လက်မှတ် လိင် သုံးမျိုးဖြင့် ထုတ်လုပ်

သြစတေးလျ နိုင်ငံကူး လက်မှတ် လိင် သုံးမျိုးဖြင့် ထုတ်လုပ်

သြစတေးလျ နိုင်ငံ မှာ နိုင်ငံ အတွင်း ရှိ  ကျား ၊ မ ခွဲခြား ဆက်ဆံမှု များနှင့် ပတ်သက်ပြီး လျှော့ချရေး ဆောင်ရွက် ချက် တစ်ရပ် အနေဖြင့် ၎င်း တို့ ၏ နိုင်ငံ ကူး လက်မှတ် များတွင် ကျား၊ မ နေရာ၌ ကျား ၊ မ နှင့် X ဆို၍ သုံးမျိုးဖြင့် ပြုလုပ်ခွင့် ပြုလိုက်ပြီ ဖြစ်သည်။

ယခင်က သြစတေးလျ နိုင်ငံတွင် လိင်ြေ ပာင်းလဲ သူများကို တရားဝင် ခွင့်ပြုခဲ့ခြင်း မရှိဘဲ ယခင်က ရှိသည့် လိင်အတိုင်းသာ ကျား၊ မ ခွဲခြား ခေါ် ဆိုခဲ့ခြင်း ဖြစ်ကာ ယခုလို ပြောင်းလဲပေးခြင်းကြောင့် လိင်ပြောင်းလဲ ခွဲစိတ်မှု ပြုထားသူများ အတွင်း အခွင့်အရေးများ ရရှိလာခဲ့ပြီ ဖြစ်သည်။

ယခုလို ပြင်ဆင် သတ်မှတ်ပေးခြင်းဖြင့် လိင်ပြောင်းလဲ ပြုပြင်ထားသူများ အတွက်  ဘဝဖြတ်သန်းမှုတွင်လွယ်ကူလာပြီ ဖြစ်ပြီး အုပ်ချုပ်ရေးလုပ်ငန်း အဆင့်ဆင့်မှ ကန့်သတ်ထားသည့် ဝန်ထုပ်များ ပေါ့သွားခဲ့သည့် အပြင် ပြောင်းလဲထားသည့် လိင်နှင့် လျော်ညီသည့် နိုင်ငံကူး လက်မှတ်ကို ရရှိသွားမည် ဖြစ်သည်ဟု သြစတေးလျ ဝန်ကြီးချုပ် Kevin Rudd မှ ထုတ်ဖော် ပြောကြားခဲ့သည်။

လူစိမ်းများမှ ရေးသား ပေးပို့သည့် စာများကို ဖေ့စ်ဘုတ်ခ် အသုံးပြုသူများ ခြေရာခံနိုင်ပြီ

လူစိမ်းများမှ ရေးသား ပေးပို့သည့် စာများကို ဖေ့စ်ဘုတ်ခ် အသုံးပြုသူများ ခြေရာခံနိုင်ပြီ

 
လွန်ခဲ့သည့် ဇွန်လက Googe+ ဖြန့်ချိပြီး နောက်ပိုင်းတွင် အွန်လိုင်း လူမှုရေး ကွန်ရက်ဝက်ဆိုက် တစ်ခုဖြစ်သည့် Facebook မှာ ၎င်းတို့၏ လုပ်ဆောင်ချက်များကို အတတ်နိုင်ဆုံး ဆန်းသစ် တီထွင်မှုများ ပြုလုပ်နေပြီ ဖြစ်ပြီး ယခုလည်း Twitter ပုံစံ သတင်း အချက်အလက်များ လုံခြုံရေးနှင့် ပတ်သက်သည့် ဝန်ဆောင်မှု အသစ် တစ်ရပ်ကို မိတ်ဆက် လိုက်ပြန်ပြီ ဖြစ်သည်။

လွန်ခဲ့သည့် အင်္ဂါနေ့က ထုတ်လုပ်လိုက်သည့် Smart List ခေါ် လုပ်ဆောင်ချက် အသစ်တစ်ခုအရ  Facebook အသုံးပြုသူများ အနေဖြင့် ၎င်းတို့ ၏ မိတ်ဆွေ သူငယ်ချင်းများကို  အလိုအလျှောက် ခွဲခြားနိုင်တော့မည် ဖြစ်ကာ ဦးစားပေးလိုသူများကို ဆိုက်မှ အလိုလို ခွဲခြားပေးသွားမည် ဖြစ်သည်ဟု သိရသည်။

ယခု လုပ်ဆောင်ချက်မှာ မိမိတို့ အသင်းသားများ ၏  နှစ်များစွာ ကြာအောင် ကြိုးစားခဲ့ရသည့် တီထွင်မှု ရလာဒ် တစ်ခု ဖြစ်သည်ဟု Facebook ၏ ထုတ်လုပ်မှု ဒါရိုက်တာ ဖြစ်သူ Blake Ross မှ ထုတ်ဖော် ပြောကြားလိုက်သည်။ Facebook မှာ လွန်ခဲ့သော ၂၀၀၇ ခုနှစ်က စတင်ကာ အသင်းဝင်များအား ကိုယ်တိုင် ခွဲခြားရသည့် မိတ်ဆွေ စာရင်းကို ပြုလုပ်ပေးထားပြီး ဖြစ်ကာ မိမိဝေမျှလိုသူကိုသာ ကြည့်ရှု့စေနိုင်မည့် စနစ်ကို အကောင်အထည် ဖော်ပေးခဲ့ခြင်း ဖြစ်သည်။ ယခု စနစ်သစ် အရမှု Facebook အသုံးပြုသူများ အနေဖြင့် မိတ်ဆွေများကို အလုပ် ၊ကျောင်း ၊ မိသားစု ၊နှင့် မြို့ဟု၍ အလိုအလျှောက် အုပ်စုလေးစု ဖွဲ့ပေးမည် ဖြစ်ပြီး  အလိုအလျောက် စာရင်း လုပ်ပေးမည် ဖြစ်ကြောင်း ပြောခဲ့သည်။

လက်ရှိတွင် Facebook ကို ကမ္ဘာ အနှံ့ရှိ လူပေါင်း သန်း ၇၅၀ မှ အသုံးပြုနေကြပြီး ယခုလို ဝန်ဆောင်မှု အသစ်တိုးပေးခြင်းဖြင့် သုံးစွဲသူများ အတွက် ပိုမို လွယ်ကူလာတော့ မည် ဖြစ်သည်။

ဗွီဒီယို တည်းဖြတ်မှု စနစ်သစ် YouTube လွှတ်တင်

ဗွီဒီယို တည်းဖြတ်မှု စနစ်သစ် YouTube လွှတ်တင်





ဆန်ဖရန်ဆစ်စကို ။ ။ လွန်ခဲ့သော ဗုဒ္ဓဟူးနေ့က စတင်ကာ You Tube အသုံးပြုသူများ အနေဖြင့် ၎င်းတို့ တင်ထားသည့် ဗွီဒီယို ဖိုင်များမှ ပုံရိပ်များကို တည်းဖြတ်နိုင်မည့် စနစ်တစ်ခုကို မိတ်ဆက်လိုက်ပြီ ဖြစ်သည်။ အဆိုပါ စနစ်အရ upload လုပ်ပြီးသား ဗွီဒီယို များ ကို ပြန်လည် တည်းဖြတ် ပြုပြင်နိုင်မည် ဖြစ်ပြီး အခြားအရာများကိုလည်း ထည့်သွင်း နိုင်မည် ဖြစ်သည်။


Edit Video ဟူသည့် ခလုတ်ကို ဝင်လိုက်ခြင်းဖြင့် အသုံးပြုသူများ အနေဖြင့် မိမိတို့၏ ဗွီဒီယိုဖိုင်များကို effect များ ထည့်သွင်းခြင်း၊ အသံများ ကို ဖြတ်တောက်ခြင်း သို့မဟုတ် ဗွီဒီယို ပုံရိပ်များကို ဖြတ်တောက်ခြင်းများကို ပြုလုပ်နိုင်မည် ဖြစ်သည်ဟု You Tube မှ ဆော့ဖ်ဝဲ အင်ဂျင်နီယာဖြစ်သူ John Gregg မှ ပြောကြားခဲ့သည်။

ယခင်က ဗွီဒီယို ပြုလုပ်သူများ အနေဖြင့် မိမိတို့၏ ပုံရိပ်များကို ပြန်လည် ပြုပြင်ချင်ပါက ဆိုက်မှ ဖယ်လိုက်ရန် လိုအပ်ပြီး ယခု အသစ်တက်လာသည့် နည်းစနစ်တွင်မူ ယင်းသို့ ဖယ်စရာမလိုဘဲ ပြုပြင်နိုင်သဖြင့် အွန်လိုင်မှ ဝေဖန်မှုများနှင့် ကြည့်ရှုသူ အရေအတွက်နှင့်ဆိုင်သည့် အချက်များ ပျောက်ဆုံးမည်ကို စိုးရိမ်ရန်လိုတော့မည်မဟုတ်ဟု သိရသည်။



Thank you.

သုတေသီတစ်ဦးက နှာခေါင်း ၁၄မျိုးကို လေ့လာဆန်းစစ်

သုတေသီတစ်ဦးက နှာခေါင်း ၁၄မျိုးကို လေ့လာဆန်းစစ်


သုတေသီတစ်ဦးက နှာခေါင်းပုံသဏ္ဍာန်အမျိုးမျိုးကို လေ့လာဆန်းစစ်မှုပြုခဲ့ရာတွင်-
မန်ချက်စတာယူနိုက်တက်ဘောလုံးအသင်းမှ တိုက်စစ်မှူးဝိန်းရူနီ၏နှာခေါင်းသည် ဆွဲဆောင်မှုအရှိဆုံးနှာခေါင်းများထဲတွင် အပါအ၀င်ဖြစ်ကြောင်းသိရသည်။ သို့ရာတွင် ၀ိန်းရူနီ၏ နှာခေါင်းသည် ဆွဲဆောင်မှုရှိသော်လည်း သူ၏ပုတိုတို နှာခေါင်းပုံသဏ္ဍာန်မျိုးသည် ရင့်ကျက်မှု ကင်းမဲ့သူမျိုးအဖြစ်ရှုမြင်သုံးသပ်ထားသည်။ ပါမောက္ခ အဗရာဟမ်တာမီယာသည် ဥရောပတစ် လွှားတွင်လှည့်လည်၍ တွေ့သမျှလူပုဂ္ဂိုလ်တို့၏ နှာခေါင်း ပုံသဏ္ဍာန်တို
့ကို ဓာတ်ပုံ ရိုက်ယူကာ မှတ်တမ်းတင်ခဲ့သူဖြစ်သည်။ မှတ်တမ်းတင်ခဲ့သော နှာခေါင်းပုံသဏ္ဍာန်များကို သူက အမျိုးအ စားအပေါင်း ၁,၃၀၀ခန့်ခွဲခြားကာ နှိုင်းယှဉ်လေ့လာမှုပြုခဲ့ကြောင်း သိရသည်။
ပါမောက္ခအဗရာဟမ်တာမီယာ၏ ခွဲခြားဖော်ထုတ်ချက်အရ နှာခေါင်းပုံသဏ္ဍာန် အမျိုးအစား ၁၄မျိုးကို ခွဲခြားသတ်မှတ်ခဲ့သည်။ အဓိကအားဖြင့် ဆူဖြိုးသောနှာခေါင်းနှင့်အထက် လန်နေသောနှာခေါင်းမှနေ၍ အမျိုးအစားခွဲထုတ်ခဲ့ခြင်းဖြစ်သည်။ ဆူဖြိုးသော နှာခေါင်းပုံသဏ္ဍာန် များထဲတွင် မင်းသားဖိလစ်၏နှာခေါင်းပုံစံသည် အကောင်းဆုံး ပုံစံထဲတွင်ပါဝင်ပြီး ထိုပုံသဏ္ဍာန် ရှိသူများသည် ရက်ရောခြင်း၊ စိတ်လှုပ်ရှားလွယ်ခြင်း၊ ကူညီစောင်မတတ်ခြင်းနှင့်ဆတ်ဆတ်ထိမခံ တတ်သူများဖြစ်ရန်အလားအလာရှိသူမျိုးဖြစ်သည်ဟု ဆိုသည်။ သို့ရာတွင် အဆိုတော်မင်းသမီး ဘာဘရာစထရိုင်ဆင်းကဲ့သို့သော ဆူဖြိုး၍ သိန်းငှက်နှုတ်သီးသဏ္ဍာန်နှာခေါင်းပုံသဏ္ဍာန်များသည် ဆွဲဆောင်မှုအနည်းဆုံးသူများဖြစ်သည်ဟု ဆိုသည်။
မင်းသားတွမ်ခရုဇ်ကဲ့သို့ နှာခေါင်းပုံသဏ္ဍာန် ရှိသူများမှာမူ ရည်မှန်းချက်ကြီးခြင်း၊ သတ္တိ ဗျတ္တိရှိခြင်းနှင့် ရှင်းလင်းပြတ်သားစွာတွေးခေါ်တတ်သူများ ဖြစ်သည်ဟု ဆိုသည်။

လက်ထပ်ရန်ကိစ္စအပေါ် ဘရက်ပစ်တ်နှင့်အန်ဂျလီနာဂျိုလီ တို့က ငြင်းဆို

လက်ထပ်ရန်ကိစ္စအပေါ် ဘရက်ပစ်တ်နှင့်အန်ဂျလီနာဂျိုလီ တို့က ငြင်းဆို

ဘရက်ပစ်တ်နှင့်အန်ဂျလီနာဂျိုလီ တို့လက်ထပ်မည်ဆိုသော သတင်း များနှင့်ပတ်သက်ပြီး နာမည်ကျော်ဟောလီးဝုဒ်စုံတွဲ၏ ကိုယ်စားလှယ်က ငြင်း ဆန်ခဲ့သည်။“ဒီသတင်းတွေနဲ့ပတ်သက်ပြီး ဘာခိုင်လုံတဲ့သက်သေ အထောက် အထားမှရှိမ နေပါဘူး ဟုဂျိုလီနှင့်ပစ်တ်တို့၏ ကိုယ်စားလှယ်က ပြောကြား သွားသည်။ ပြီးခဲ့သည့် ရက်ပိုင်းများအတွင်းက ပစ်တ်နှင့်ဂျိုလီတို့သည် (၆) နှစ်ကြာ ချစ်သူ ဘ၀ဖြင့်နေထိုင် လာမှုမှ တစ်ဆင့်တက်ရန်စီစဉ်နေပြီဟု သတင်း များက ဖော်ပြခဲ့ကြသည်။ ထိုအတောအတွင်း ယင်းတို့နှစ်ဦးသည် မွေးစား ကလေးငယ်(၃)ဦးအပါအ၀င် သားသမီး(၆)ဦးထိ ရရှိခဲ့သည်။ ပစ်တ်၏ကိုယ် စားလှယ်က လက်ရှိတွင် ပစ်တ်ရော၊ ဂျိုလီပါ အလုပ်ထဲတွင် နစ်မြုပ်နေပြီး လက်ထပ်ရန်ကိစ္စကိုမစဉ်းစားဖြစ်သေးကြောင်း ပြောကြားသွားသည်။ ပစ်တ် သည် ၽႊသမူိ ၽႊေမ ဇ ဇာတ်ကားအတွက် လက်တလောတွင် ဥရောပသို့ ရောက်ရှိနေသည်။ ထို့အပြင် သြညနပဘေူနှင့် ဃသါညေ’ျွှမေိန ဇာတ် ကားများအတွက် ဏမသာသအငသည ပြုလုပ်ရန်လည်း ပစ်တ်မှာ အလုပ် များလျက် ရှိနေသည်။ ဂျိုလီမှာ မိသားစုနှင့်အတူ ပစ်တ်၏ရိုက်ကွင်းရှိရာ မော်လ်တာသို့ ကလေးများနှင့်အတူ သွားရောက်လည်ပတ်ပြီး မကြာသေးမီကမှ လော့စ်အန်ဂျလိစ်သို့ပြန်ရောက်လာခဲ့သည်။ ဂျိုလီသည်လက်ရှိတွင် ဟန်ဂေရီသို့သွားရောက်ကာ ရုပ်ရှင် ဇတ်ကား ရိုက် ကူးရန် စီစဉ်နေကြောင်း သိရှိရသည်။

iPhone နှင့် PS3 တို့ကို ဟက် လုပ်သူအား Facebook မှ ငှားရမ်း

iPhone နှင့် PS3 တို့ကို ဟက် လုပ်သူအား Facebook မှ ငှားရမ်း

ဝါရှင်တန်။      ။ ဂျပန်နိုင်ငံမှ ဆိုနီဂိမ်း PS3 ကို အွန်လိုင်း တိုက်ခိုက်မှု ပြုလုပ်ခဲ့မှုကြောင့် တရားစွဲဆို ခံခဲ့ရသည့် အမည်ဝှက် GeoHot ခေါ် George Hotz အား Facebook မှ ငှားရမ်းလိုက်ပြီ ဖြစ်ကြောင်း ဗုဒ္ဓဟူးနေ့က ပြောကြားလိုက်သည်။

Facebook ပြောရေး ဆိုခွင့်ရှိသူ၏ အပြောအရ Hotz ကို  ၎င်းတို့၏ ကုမ္ပဏီမှ ငှားရမ်းလိုက်ပြီ ဖြစ်ကြောင်းနှင့် မည်သည့် အချိန်တွင် အလုပ် စဆင်းမည်နှင့် ကယ်လီဖိုးနီးယား အခြေစိုက် ၎င်းတို့ ကုမ္ပဏီတွင် မည်သည့် နေရာမှ တာဝန်ယူမည် ဆိုသည်နှင့် ပတ်သက်ပြီး ပြောကြားရန် ငြင်းဆန်ခဲ့သည်။

Hotz မှာ i Phone အား ပထမဆုံး တရားဝင် ဟက် ပြခဲ့သူတစ်ဦးလည်း ဖြစ်ပြီး လွန်ခဲ့သည့် ဧပြီလက ၎င်းနှင့် ဆိုနီ ဂိမ်း PS 3 တို့၏ အမှုမှာ တရားဝင် ကြေအေးခဲ့သည်။ ဆိုနီမှာ Hotz အား ၎င်းတို့၏ ဂိမ်းများကို တရားမဝင် ကစားစေနိုင်ရန် ပြုလုပ်ခဲ့သည် ဆိုသည့် စွပ်စွဲချက်ဖြင့် တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။ လွန်ခဲ့သည့် ဧပြီလမှ စတင်ကာ အွန်လိုင်း တိုက်ခိုက်မှု ခံခဲ့ရသည့် ဆိုနီတို့၏ PlayStation  ကွန်ယက်မှာ ပြန်လည် ကောင်းမွန်နေပြီ ဖြစ်ပြီး အပြည့်အဝ ပြန်လည် အသုံးချနိုင်ပြီ ဖြစ်သည်။

Facebook Apps များကြောင့် အသုံးပြုသူ အချက်အလက်များ ပေါက်ကြားမှုဖြစ်ပွား

Facebook Apps များကြောင့် အသုံးပြုသူ အချက်အလက်များ ပေါက်ကြားမှုဖြစ်ပွား

Facebook ၏ Applications တစ်ချို့သည် Facebook အသုံးပြုသူများ၏ အချက်အလက်များကို ပေါက်ကြားမှု ဖြစ်စေခဲ့ကြောင်း သိရသည်။ အဆိုပါ ပေါက်ကြားမှုတွင် Facebook UID များက အဓိက ပါဝင်ခဲ့ကြောင်း သိရပြီး Third Party Companies များဆီကို ရောက်ရှိသွားခဲ့သည်ဟု သိရသည်။
facebook-privacy

စုံစမ်းစစ်ဆေးနေဆဲ Apps များတွင် အသုံးပြုသူ အချက်အလက်များကို ထဲထဲဝင်ဝင်ရယူ ထားကြောင်း တွေ့ရှိရသည်ဟု Wall Street Journal ၏ အစီရင်ခံချက်အရ သိရသည်။ Facebook တွင် ပေါ်ပြူလာ အဖြစ်ဆုံး Apps (၁၀)ခုသည် Third Party များကို အသုံးပြုသူများ၏ အချက်အလက်များ လွဲပြောင်းမှုအတွက် အပြစ်ရှိကြောင်း တွေ့ရသည်ဟု ဆိုသည်။ အဆိုပါ Application များသည် Internet Research ကုမ္ပဏီများနှင့် ကြော်ငြာ ကုမ္ပဏီများထံ အချက်အလက်များ ပေးခဲ့သည်ဟု သိရသည်။

Facebook အသုံးပြုသူများ အများဆုံး ဆော့ကစားလေ့ရှိသော Zynga ၏ Social Network Game များဖြစ်သည့် FarmVille, Texas HoldEm Poker, FrontierVille အစရှိသည့် ဂိမ်းများသည် အဆိုပါ Facebook အသုံးပြုသူများ၏ အချက်အလက်များ ပေါက်ကြားစေမှုတွင် အဓိက ပါဝင်ကြကြောင်း သိရသည်။ Zynga ၏ FarmVille တွင် ဖော်ဖော်ဝါရီ ၂၀၁၀ စစ်တမ်းအရ အသုံးပြုသူပေါင်း သန်း ဂ၀ ခန့်ရှိသည်ဟု သိရသည်။

Facebook အနေဖြင့်လည်း အဆိုပါ ပြဿနာနှင့် ပတ်သက်ပြီး Official Blog တွင် ရေးသားပြီး ဝန်ခံခဲ့ကြောင်းလည်း သိရသည်။ Apps အများစုသည် User နှင့် ပတ်သက်သော အချက်အလက်များကို တောင်းဆိုပြီး UID ကို အလွဲသုံးစားပြုမှုများ တွေ့ရှိရကြောင်း ရေးသားထားသည်။

Facebook UID ဆိုသည်မှာ အလွန်အဓိကကျသော အမှတ်အသားတစ်ခု ဖြစ်ကြောင်း သိရပြီး အဆိုပါ အမှတ်အသားကို သိရှိသည်နှင့် Facebook အသုံးပြုသူက ကန့်သတ်များ မပြုလုပ်ထားလျှင် တယ်လီဖုန်းနံပါတ်၊ အီးမေးလ်မှ အစအကုန် သိနိုင်ပြီး အဆင့်အမြင့်ဆုံး ကန့်သတ်ထားလျှင်ပင် နာမည်နှင့် သူငယ်ချင်း၏ စာရင်းများကို သိရှိသွားနိုင်ကြောင်း သိရသည်။

ဒေါ်လာ ၁.၆ ဘီလီယံ အထိ ဖေ့စ်ဘုတ်ခ် ဝင်ငွေ နှစ်ဆတိုး ရရှိ

ဒေါ်လာ ၁.၆ ဘီလီယံ အထိ ဖေ့စ်ဘုတ်ခ် ဝင်ငွေ နှစ်ဆတိုး ရရှိ

 
၂၀၁၁ ခုနှစ်၏ ပထမ နှစ်ဝက် အတွင်း အသားတင် ဝင်ငွေမှာ ဒေါ်လာ သန်း ၅၀၀ ခန့် အထိ ရောက်ရှိခဲ့ပြီး တိုးတက်မှုများစွာ ရှိခဲ့ကြောင်း သိရသည်။ Reuters  သတင်း ဌာနသို့ သတင်း အရင်းအမြစ် တစ်ခုမှ ပြောရာ၌ လူမှုရေး ကွန်ရက် ဆိုက်ဖြစ်သည့် Facebook အနေဖြင့် ယခုနှစ်ဝက် အတွင်း ဝင်ငွေ ၁.၆ ဘီလီယံ အထိ နှစ်ဆတိုး ရရှိခဲ့ကြောင်း ပြောခဲ့သည်။

ပုဂ္ဂလိကပိုင် ကုမ္ပဏီ တစ်ခုဖြစ်သည့် Facebook မှာ ၎င်း၏ ဘဏ္ဍာရေး ရှင်းတန်းကို တရားဝင် ထုတ်ပြန်ခြင်း မရှိသော်လည်း Goldman Sachs  မှ ရရှိသည့် စာရင်းများအရ လွန်ခဲ့သည့် ၂၀၁၀ခုနှစ် အတွင်း ပထမ ကိုးလမှ ရရှိသည့် ဝင်ငွေမှာ ဒေါ်လာ ၁.၂ ဘီလီယံ ဖြစ်ပြီး အသားတင် ဝင်ငွေမှာ ဒေါ်လာ ၃၅၅ သန်း ဖြစ်ကြောင်း သိရသည်။

ယခုနှစ်အတွင်း ပိုမို တိုးတက်လာသည့် ဝင်ငွေများအရ ရင်းနှီးမြုပ်နှံသူများအား စတော့ ဈေးကွက်တွင် ကုမ္ပဏီ၏ ပိုင်ဆိုင်မူကို ဒေါ်လာ ဘီလီယံ ၈၀ သို့ ရောက်စေခဲ့ကြောင်းလည်း သိရသည်။ သုတေသန ပြုသူများ၏ ခန့်မှန်းချက်အရ Facebook ကုမ္ပဏီ အနေဖြင့်  ပြည်သူပိုင် ပြုလုပ်မှုကို လာမည့် ၂၀၁၂ ခုနှစ်တွင် ပြုလုပ်ဖွယ် ရှိကြောင်း သိရသည်။

Blogger က နောက်ဆုံးတွင် အိုင်ဖုန်း app ကို ထုတ်လွှတ်

Blogger က နောက်ဆုံးတွင် အိုင်ဖုန်း app ကို ထုတ်လွှတ်

ဂူးဂဲလ်က နောက်ဆုံးတွင် Blogger များအတွက် iOS app ကို လွှတ်တင်လိုက်ပြီး ၎င်းသည် မီလီယံများစွာသော အသုံးပြုသူများ၏ ဘလော့ဂ်ကွန်ယက်သို့ ရေးသားခြင်း၊ manage နှင့် ပို့စ်များတင်ခြင်းတို့အား ၎င်းတို့၏ အိုင်ဖုန်းများမှ ပြုလုပ်နိုင်ရန် ပေးထားသည်။


ထို app သည် iOS users 3.2 နှင့် အထက်တို့က ရရှိနိုင်သည်။ ၎င်း app သည် users များအား ဓာတ်ပုံများနှင့် geotagging ဖြင့် compose နှင့် ဘလော့ဂ် ပို့စ်များအား publish လုပ်ရန် အပြည့်အဝ ပေးထားသည်။ users များအား views နှင့် ၎င်းတို့ publish လုပ်ထားမှုနှင့် draft ဘလော့ဂ်ပို့စ်တို့အား ပြန်လည်တည်းဖြတ်နိုင်ခြင်းကိုလည်း လုပ်နိုင်သည်။ ဤ app သည် Androed interface မှာ Blogger အား လွယ်ကူစွာ နားလည်နိုင်ပေသည်။

အိုင်ပတ်အတွက် ၎င်း app သည် mode အနေဖြင့်သာ အလုပ်လုပ်သည်။ အိုင်ပတ် app အတွက် အနာဂတ်တွင်သာ ယုံကြည် မျှော်ထားရပေမည်။

ဤ Blogger app သည် အိုင်ဖုန်းအတွက် ပထမဆုံးသော တရားဝင် app ဖြစ်သည်။ BlogPress က တရားမဝင် app တခု ဖန်တီးခဲ့ပြီး Blogger က အတည်ပြုပေးခဲ့သည်။ သို့သော် တရားဝင် app မှာ သတ်မှတ်ချိန်ထက် များစွာ နောက်ကျခဲ့သည်။ တချိန်က ကမ္ဘာ့အကြီးဆုံး ဘလော့ဂ် ဝန်ဆောင်မှုသည် WordPress, Tumblr တို့၏ အရိပ်အာဝါသ လွှမ်းမိုးခြင်းခံနေခဲ့ရပြီး အလယ်လတ်တန်း ပြိုင်ဆိုင်မှုများ ပိုလာသည်။ ဂူးဂဲလ်သည် မကြာသေးမီက Blogger ဝန်ဆောင်မှုအား ပြင်ဆင်ရန် ရင်နှီးမြုပ်နှံလားပြီး နောက်တကြိမ်ပြန်လည် ထိုးဖောက်ရန် ကြိုးစားလာသည်။

ဘန်ကောက်တွင် ယာဉ်ကြောပိတ်ဆို့မှုကြောင့် မြန်မာတဦး ကားပေါ်တွင် ကလေးမွေး

ကိုယ်ဝန်ဆောင် မြန်မာအမျိုးသမီးတဦးသည် လမ်းပိတ်ဆို့မှုကြောင့် ဆေးရုံသို့ အချိန်မီ မရောက်ရှိဘဲ အငှားကားပေါ်တွင်ပင် ကလေးမွေး ဖွားခဲ့ရပုံကို ထိုင်းနိုင်ငံမှ လာသော သတင်းများတွင် ဖော်ပြထား ကြသည်။

တနင်္လာနေ့ နံနက်က ထိုသို့ မွေးဖွားစဉ် လမ်းပြပုလိပ်က အကူအညီပေးခဲ့သည်ဟု အသက် ၂၂ နှစ်အရွယ် ကရင်တိုင်းရင်းသူ နန်းစန်းစန်းသိန်းက BBC မြန်မာဌာနကို ပြောပြသည်။

"ဆေးရုံ မမီဘူး၊ ကားပေါ်မှာ မွေးတယ်လေ။ ရေမွှာလည်း ပေါက်ရော တက္ကစီပေါ်မှာ ခဏလေးနဲ့ မွေးတယ်။ ပုလိပ်တွေလည်း လာကူညီပေးတယ်။ အရမ်း ကျေးဇူး တင်တယ်။ ကလေးလည်း ကျန်းမာရေး ကောင်းတယ်"
ဟု ဆိုသည်။

ကလေးမွေးရာတွင် ကူညီခဲ့သူ ရဲအရာခံဗိုလ်က "ကျနော်တို့အလုပ်က ကလေး မမွေးသေးဘူး ဆိုရင် ဆေးရုံ၊ ဆေးခန်းကို အမြန်ဆုံး ရောက်အောင် ရဲကနေ ဦးဆောင်ပြီး ခေါ်သွားပေးရပါတယ်။ တကယ်လို့ ကားထဲမှာ မွေးတယ် ဆိုရင် ကလေး အသက်ရှူနိုင်အောင် သန့်ရှင်းမှုတွေ အရင်ဆုံး လုပ်ပေးရတယ်" ဟု ပြောဆိုကြောင်း BBC ၏ ထုတ်လွှင့်ချက်တွင် ဖော်ပြထားသည်။
လွန်ခဲ့တဲ့ ၁၈ နှစ်ကစပြီး ဘန်ကောက်ရဲများက အရေးပေါ်ကလေးမွေးဖွားမှုတွင် ကူညီခဲ့ရာ ယခုအချိန် အထိ ကလေးပေါင်း ၁၀၀ နီးပါး ကူညီ မွေးဖွားပေးခဲ့သည်ဟု ရဲအရာခံဗိုလ်က ဆိုသည်။

ဘန်ကောက်မြို့ Din Daeng လမ်းဆုံ အနီးမွေးဖွားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

တက္ကစီမောင်းသူက လမ်းပြပုလိပ်တို့ကို အကူအညီတောင်းသဖြင့် အောင်မြင်စွာ မွေးဖွားနိုင်ခဲ့ခြင်း ဖြစ်သည်ဟု သတင်းများက ဆိုသည်။
ကလေးမွေးဖွားမည့်ရက်မှာ သောကြာနေ့ ဖြစ်မည်ဟု ဆေးရုံက ကြိုတင်တွက်ချက်ထားသော်လည်း တနင်္လာနေ့တွင် ဗိုက်နာပြီး မွေးဖွားခဲ့ခြင်းဖြစ်သည်ဟု မန်နေဂျာအွန်လိုင်း သတင်းတွင် ဖော်ပြထားသည် ဘန်ကောက်တွင် နေထိုင်သော မိုးမခ ပရိသတ်တဦးက ပြောပြသည်။ ကလေး၏မိခင်သည် ဘန် ကောက်တွင် အလုပ်လုပ်ကိုင်နေသူဖြစ်ကြောင်း သိရသည်။

Screen နှစ်ခုပါ DUAL-SCREEN LAPTOP အသစ်အဆန်း စတင်ရောင်းချမည်

ကမ္ဘာ့ကွန်ပျူတာလောကရဲ့ပထမဆုံးဖြစ်မယ့် screen နှစ်ခုပါ dual-screen Laptop ယခုနှစ် ခရစ္စမတ်ကာလအတွင်း အမေရိကန်မှာစတင်ရောင်းချတော့မယ်လို့ သိရပါတယ်။ Spacebook လို့အမည်ပေးထားတဲ့ Laptop ကိုအမေရိကန် နိုင်ငံအလက်စကားပြည်နယ်အခြေစိုက် ကုမ္ပဏီငယ်တစ်ခုဖြစ်တဲ့ gScreen မှ တီထွင်ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။
Laptop အရွယ်တူ LED backlit screen နှစ်ခုကိုထပ်လျှက်တပ်ဆင်ထားပြီး screen နှစ်ခုဖြင့်သုံးဖို့လိုတဲ့အခါ ဒုတိယ screen ကိုဆွဲထုတ်အသုံးပြုနိုင်ပြီး အသုံးမလိုတော့တဲ့အခါလည်း အလွယ်တကူပြန်ထည့်သွင်းထားလိုက်ရုံပဲဖြစ်ပါတယ်။ Screen တစ်ခုချင်းစီဟာ ၁၇ လက်မအရွယ်အစားရှိတာကြောင့် နှစ်ခုစလုံးအသုံးပြုတဲ့အခါ ၃၄ လက် မရှိတဲ့မြင်ကွင်းကျယ်ကို မြင်တွေ့နိုင်ပါလိမ့်မယ်။

gScreen ကုမ္ပဏီရဲ့ပိုင်ရှင်လည်းဖြစ်တဲ့ဒီဇိုင်နာ Gordon Stewart က “တစ်ချိန်တည်းမှာ application နှစ်ခုသုံးပြီး screen နှစ်ခုကို စောင့်ကြည့်နေဖို့လိုအပ်တဲ့ ဘဏ်ဝန်ထမ်းကနေ ပရော်ဖက်ရှင်နယ်ဒီဇိုင်းတွေလိုမျိုးသုံးစွဲသူတွေအတွက် Spacebook ကို ရည်ရွယ်ထုတ်လုပ်ထားတာဖြစ်တယ်” လို့ပြောကြားပါတယ်။ သုံးစွဲသူအများစုဟာ screen နှစ်ခုစလုံးကို တစ်ချိန်လုံးသုံးနေဖို့လည်း မလိုအပ်ပြန်ပါဘူး။ ဒါကြောင့် screen ကို အခုလိုအထုတ်အသွင်းပြုလုပ်နိုင်အောင် ဒီဇိုင်းဖန်တီးထားတာပါ” လို့ Gordon Stewart ကဆက်လက်ပြောကြားပါတယ်။ Laptop မှာ memory 4GB တပ်ဆင်ထားပြီး DVD player ပါဝင်ပါတယ်။

သုံးစွဲသူတွေအတွက် ပြဿနာဖြစ်စေနိုင်တာက Laptop ရဲ့အလေးချိန်ပါ။ Spacebook Laptop ဟာ ၁၂ ပေါင် (၅.၅ ကီလိုဂရမ်) အထိအလေးချိန်ရှိပါတယ်။ ဈေးကွက်ထဲမှာသုံးနေကြ Laptop တွေထက် ၅ ပေါင်ခန့်အထိပိုလေးတာကြောင့် ပေါင်ပေါ်မှာတင်ပြီး အချိန်ကြာကြာသုံးစွဲဖို့တော့မလွယ်လှပါဘူး။ gScreen ကထုတ်လုပ်လိုက်တဲ့ အဆိုပါ Laptop တွေကိုအမေရိကန်မှာစတင်ရောင်းချပြီးနောက် ၆ လကြာမှသာ ဗြိတိန်နိုင်ငံမှာစတာလင်ပေါင် ၁၈၀၀ ခန့်ဖြင့် ရောင်းချသွားမယ်လို့ဆိုပါတယ်။
နောက်ပိုင်း ယခု Laptop ထက်အရွယ်အစားသေးတဲ့ ၁၃ လက်မ screen နှစ်ခုပါ Spacebook Laptop တွေလည်း ထပ်မံထုတ်လုပ်သွားမယ်လို့ gScreen ကုမ္ပဏီရဲ့ဘလော့ဂ်မှာ ဖော်ပြထားပါတယ်။ Spacebook Laptop ဟာဂျိမ်းစ်ဘွန်းသုံးတဲ့ Laptop နဲ့တူနေကြောင်း တစ်ချို့ကပြောကြပါတယ်။ တကယ်တမ်းမှာလည်း gScreen ကုမ္ပဏီဟာ အမေရိကန်စစ်တပ်အတွက် dual-screen တွေထုတ်လုပ်ပေးဖို့ ဆွေးနွေးညှိနှိုင်း နေကြောင်းသိရပါတယ်။

ဥရောပသို့ အာဖရိကန် လူကုန်ကူးမှု့များ၏ သားကောင်များ


နှစ်စဉ် အနောက် အာဖရိကနိုင်ငံများမှ ဥရောပသို့ သောင်းဂဏန်းနှင့် ရွှေ့ပြောင်း ဝင်ရောက်နေထိုင်လျှက် ရှိပါတယ်။ ဒါပေမယ့် မာဖီးယားဂိုဏ်းတွေက သူတို့ရဲ့မျှော်လင့်ချက်တွေအပေါ်မှာ အမြတ်ထုတ် နေကြတာကြောင့် အချို့ကတော့ အဖြစ်ဆိုးတွေနဲ့ ကြုံတွေ့ကြရပါတယ်။ ။ အီတလီ တောင်ပိုင်းမှာဆိုရင် နိုင်ဂျီးရီးယား မိန်းကလေးတွေ အများစုဟာ လိင်ကုန်ကူးမှုရဲ့ သားကောင်တွေအဖြစ် ကျရောက်သွားကြရပါတယ်။

ပထမဦးဆုံး ထွက်ပေါ်လာတဲ့ အစီရင်ခံစာ နှစ်စောင်မှာ သတင်းထောက် ဂျူလီယာနာရူးဖတ်စ်က အာဖရိကန် မိန်းကလေးများ ဒုစရိုက်ဂိုဏ်းတွေရဲ့ သားကောင်ဖြစ်သွားရမှုများ၊ ပြည့်တန်ဆာအဖြစ်
စေခိုင်းမှုများနှင့် လူကုန်ကူးမှုများ အကြောင်း စုံစမ်း တင်ပြခဲ့ပါတယ်။ အောက်မှာ ဖေါ်ပြမယ့် အကြောင်းအရာတွေကတော့ အီတလီနိုင်ငံ တောင်ပိုင်းမှာ ဖြစ်ပွားနေတဲ့ အဖြစ်အပျက်တွေကို ရုပ်ရှင်မှတ် တမ်းရိုက်ကူးရာမှာ ပါဝင်ခဲ့တဲ့ အီတလီ သတင်းစာဆရာ ချိုင်ရာ ကာပရီယိုက ပြောပြခဲ့တာ ဖြစ်ပါတယ်။

ဒက်စထရာဗော်လ်တာနို ဆင်းရဲသားရပ်ကွက်တစ်ခုမှာ အသက် ၇ နှစ်သာရှိသေးတဲ့ မယ်ရီမော်ရက်ရဲ့ ဈာပနအခမ်းအနား ကျင်းပနေပါတယ်။ သူ့ကို စိတ်ဝေဒနာခံစားနေရတဲ့ ယောင်္ကျားတစ်ယောက်က သတ်သွားခြင်းဖြစ်ပါတယ်။ ကက်စယ်ဗော်လ်တာနိုမြို့မှာ တရားဝင် နေထိုင်တဲ့ မြို့သား ၂၅,၀၀၀ မှာ သုံးပုံတစ်ပုံက ဂါနာနဲ့ နိုင်ဂျီးရီးယား အများစု ပါဝင်တဲ့ အာဖရိကန်တွေဖြစ်ပါတယ်။

အဲဒီမြို့ငယ်လေးမှာရှိတဲ့ နိုင်ဂျီးရီးယန်း ဒုစရိုက်ဂိုဏ်းတွေအကြောင်း အယ်လ်ဂျာဇီယာသတင်းဌာနမှ သွားရောက်စုံစမ်းလေ့လာ ခဲ့ပါတယ်။ ၂၀၀၈ တုန်းက ကာဆာလဲဆီလို့ခေါ်တဲ့ လူမျိုးစု မာဖီးယားဂိုဏ်းက ဂါနာလူငယ်ခြောက်ဦးကို သတ်ဖြတ်ခဲ့မှုနဲ့ ပတ်သက်ပြီး အာဖရိကန်တွေ လမ်းမတွေပေါ်ထွက် ဆန္ဒပြခဲ့ကြပြီးတော့ အဓိကရုဏ်းတွေ ဖြစ်ခဲ့ပြီးတဲ့နောက်ပိုင်း ကက်ဆယ်လ်ဗော်တာနိုမြို့လေးကို မေ့မေ့ပျောက်ပျောက်ပဲ ထားခဲ့ ကြပါတယ်။

မယ်ရီရဲ့မိသားစုကတော့ မယ်ရီ့ဈာပနနေ့မှာ သူ့ရဲ့ ခေါင်းတလားကို စောင့်ရင်း ခေါင်းကလာတာ နောက်ကျနေတာနဲ့ အခြားပြဿနာတွေနဲ့ ရုတ်ရုတ်သဲသဲဖြစ်ခဲ့ပါတယ်။ မယ်ရီ့ရဲ့အမေက နိုင်ဂျီးရီးယား အမျိုးသမီးဖြစ်ပြီး အီတလီကို လူကုန်ကူးခံခဲ့ ရသူဖြစ်ပြီး အဓမ္မလိင်ဖျော်ဖြေမှု ခိုင်းစေခြင်းခံခဲ့ရသူလည်း ဖြစ်ပါတယ်။ သူ့သမီးရဲ့ဈာပနမှာ တုန်ယင်ခြောက်ခြားပြီး ဂဏာမငြိမ် ဖြစ်နေပါတယ်။ သူမက ငိုယိုနေပြီး သူမရဲ့မိတ်ဆွေတွေက နောက်ထပ် နိုင်ဂျီးရီးယား မိန်းမတစ်ယောက်ကို ယူသွားတဲ့ မယ်ရီ့အဖေကို ဒေါသဖြစ်နေကြပါတယ်။

နောက်ဆုံး မယ့်ရီ့ခေါင်းတလား ရောက်ရှိလာပြီး ယောင်္ကျားအုပ်စုက မွတ်စလင်ထုံးစံအတိုင်း အသုဘ အခမ်းအနားကို စတင်ပါတယ်။ နေပူကျဲတဲကြီးအောက်မှာပဲ အာဖရိကန် အသုဘအခမ်းအနားကို ကျင်းပခဲ့ကြပါတယ်။

“ဒိုမီတီယာနာ လမ်းမကြီးက ကက်ဆယ်ဗော်တာနိုမြို့ကို ၂၈ ကီလိုမီတာလောက် ဖြတ်သွားပါတယ်။” မြို့ရဲစခန်းက စုံထောက်တစ်ဦးဖြစ်သူ စတက်ဖနို ရစ်ဆီယာဒီအီလိုက ပြောပြပါတယ်။ အဲဒီရဲစခန်းမှာတော့ ဒုစရိုက်အဖွဲ့က ကျူးလွန်တဲ့အမှုတွေ၊ ပြည်တော်ပြန် အမှုတွေ၊ လူသတ်မှုတွေအကြောင်း မှတ်တမ်း အစီရင်ခံစာတွေနဲ့ ဖုံးလွှမ်းနေတဲ့ ဖရိုဖရဲ ရုံးခန်းတစ်ခု ပဲဖြစ်ပါတယ်။
“အာဖရိကန် မာဖီးယားတွေရဲ့ လှုပ်ရှားမှုတွေက မြို့တစ်ခုလုံး ပျံ့နှံ့နေပါပြီ။” သူက လမ်းတစ်လျှောက်မှာ ဖေါက်သည် အလာကို စောင့်နေကြတဲ့ နိုင်ဂျီးရီးယား အမျိုးသမီးတွေ၊ မိန်းမငယ်လေးတွေကို လိုက်လံ ပြသရင်း ပြောပြပါတယ်။

ကုလသမဂ္ဂ အနယ်နယ်ဆိုင်ရာ ရာဇဝတ်မှုနဲ့ တရားဥပဒေ စိုးမိုးရေး သုတေသနဌာန (UNICRI) ရဲ့မှတ်တမ်းများအရ အီတလီမှာ နိုင်ဂျီးရီးယား ပြည့်တန်ဆာ ၁၀,၀၀၀ ကျော် ရှိနေတယ်လို့ သိရပါတယ်။ ဘီနင်မြို့ကနေတစ်ဆင့် ဒိုမီတီယာနာ လမ်းမကြီးနဲ့ အဲဒီလမ်းမကြီး ဆိုက်ရောက်ရာ ကမ်းခြေလို ဥရောပမြို့တော်တွေ၊ ရာဇဝတ်မှု ဇုံတွေဆီကို လူကုန်ကူး ခံခဲ့ကြရတဲ့သူတွေ ဖြစ်ပါတယ်။
“နိုင်ဂျီးရီးယား ဒုစရိုက်သမားတွေက ကိုလံဘီယာ မာဖီးယားကနေ တရုတ်မာဖီးယားဂိုဏ်းတွေအထိ ဘယ်ဂိုဏ်း မှာမဆို အလုပ်လုပ်လို့ ရတယ်။

သူတို့အတွက် အလုပ်လုပ်ဖို့ လွယ်ကူနေတဲ့ နောက်တစ်ချက်က နေ့ရောညပါ ပြည့်တန်ဆာ လိုက်ရှာနေတဲ့ အီတလီဖေါက်သည် ဦးရေက အင်မတန်များတယ်။” နေပဲလ်စ်ဒေသ မာဖီးယား တိုက်ဖျက်ရေးက ရှေ့နေတစ်ယောက်ဖြစ်တဲ့ ဂျော်ဗန်နီကွန်ဇိုက ပြောပါတယ်။
“မာဖီးယား ဂိုဏ်းတွေ အရင်ကထက် ပိုပြီး အင်အား ကောင်းလာတယ်။ ဒေသ တစ်ခုလုံးကို သူတို့တွေ အုပ်စိုးမသွားခင် ကျွန်တော်တို့ တားဆီးရမယ်။” ကွန်ဇာက ဒီလိုပြောနေပေမယ့် သူ့ရဲ့စကားက မျှော်လင့်ချက်ရှိပုံတော့သိပ်မပေါ်ဘူး။

အခုဆို အီတလီမှာ အမျိုးသမီး လူကုန်ကူးမှုတွေ၊ လိင်ကုန်ကူးမှုတွေနဲ့ ပတ်သက်လို့ ပြောကြရင် အရင်က လူကုန်ကူးမှုရဲ့ သားကောင်ဖြစ်ခဲ့ဖူးတဲ့ နိုင်ဂျီးရီးယား အမျိုးသမီး အီဆိုကီအိုက်ပစ်တန်ယီကို နမူနာထားပြီး ပြောကြပါတယ်။ သူမကလည်း အဲဒီ နယ်ပယ်ထဲက အဖြစ်အပျက်တွေကို အားလုံးသိတယ်။ သူမက အောက်ပါအတိုင်း ပြောပြပါတယ်။
“ဒီနေ့ အီတလီမှာ `မာမီကြီး` တွေ အယောက် ၁၀,၀၀၀ လောက်ရှိတယ်။ တစ်ယောက်ချင်းစီမှာ အနည်းဆုံး ပျမ်းမျှ မိန်းကလေး နှစ်ယောက်၊ သုံးယောက်လောက် ထိန်းထားတယ်။ သူတို့က `အစ်ကိုကြီး`တွေနဲ့ အလုပ်တွဲလုပ်တယ်။ အစ်ကိုကြီး တွေဆိုတာက `ဘေဘီလေး`တွေကို လိင်ဖျော်ရေး လောကထဲကို အဓမ္မ သွတ်သွင်းတဲ့ ကိုယ်တိုင်ကိုယ်ကျ လူကုန်ကူးသူတွေ လေ။”

`ဘေဘီလေး` တွေဆိုတာ ပြည့်တန်ဆာ အဖြစ် အဓမ္မစေခိုင်းဖို့ လူကုန်ကူးလာတဲ့ မိန်းကလေးတွေကိုခေါ်တဲ့ သူတို့လောကရဲ့ အသုံးအနှုန်းပါ။

အာဖရိကန် ဂျူဂျူး ထုံးတမ်းဓလေ့ဆိုင်ရာအစီအမံများ

ဒါပေမယ့် နိုင်ဂျီးရီးယား လူကုန်ကူးမှုတွေမှာ မူးယစ်ဆေးမှုတွေ၊ အောက်လမ်းပညာတွေပါ တစ်ခါတစ်ရံ ပူးတွဲပါလာတတ်ပါတယ်။
အမျိုးသမီးတွေ၊ မိန်းမငယ်လေးတွေဟာ အာဖရိကန် ဂျူဂျူးအောက်လမ်းနည်းပညာနဲ့ စီရင်ထားတဲ့ အစီအမံ ထုံးတမ်းစဉ်လာအရ ကျမ်းသစ္စာ ကျိန်ဆိုရပါသေးတယ်။ သူတို့ကို လူကုန်ကူး လာပေးတဲ့ အစ်ကိုကြီးတွေ၊ မာမီကြီးတွေအပေါ် တင်ရှိနေတဲ့ အကြွေးတွေကို ကျေအောင်ဆပ်ပါ့မယ်။ ဆပ်ဖို့ ပျက်ကွက်ခဲ့ပါက အသေဆိုးနဲ့ သေပါစေ၊ ရူးပါစေ စသည်ဖြင့်။
“ဂျူဂျူးလို့ခေါ်တဲ့ အဲဒီမှော်အတတ်ဟာ အမှန်တော့ မကောင်းတာ မဟုတ်ဘူး။ အမှန်တရားကို စောင့်ရှောက်ဖို့ ကျင့်သုံး တာဖြစ်ပါတယ်။ ဒါပေမယ့် သူတို့လက်ထဲရောက်တော့ တလွဲသုံးတာပဲ။ ပိုက်ဆံရ နေသ၍တော့ အဲဒီပိုက်ဆံ ဘယ်လိုရရ သူတို့ ဂရုမစိုက်ဘူး။ ဂျူဂျူးကိုတောင် ကျွန်ပြုတဲ့လုပ်ငန်းမှာ သူတို့ အသုံးချကြတယ်။” အီဆိုကီက ပြောရင်း စိတ်ဆိုးမာန်ဆိုးဖြစ်နေ သေးတယ်။

အချို့ကတော့ အဲဒီလို ငရဲတွင်းထဲမှာတောင် မျှော်လင့်ချက်ကို ဆုပ်ကိုင်ပြီး တတ်နိုင်သမျှ ကယ်တင်နေကြပါသေးတယ်။ အဲဒီထဲက တစ်ယောက်ကတော့ ယေရှုသခင်၏ မြင့်မြတ် သန့်ရှင်းသော နှလုံးသားဆိုတဲ့ အသင်းတော်က နိုင်ဂျီးရီးယား သီလရှင် စစ္စတာ အန်တိုနီယာ ဖြစ်ပါတယ်။

သူမဟာ ၂၀၀၀ ခုနှစ်မှာ ကာဆာဆန်တာမာရီယာ ဒဲလ်အကော့ကလီယန်ဇာ လို့ခေါ်တဲ့ ရိပ်သာ တစ်ခုဖွင့်လှစ်ပြီး ဦးစီး လုပ်ကိုင်နေပါတယ်။ အဲဒီရိပ်သာမှာ အမျိုးသမီး ၇၀ ကျော် နဲ့ အဲဒီမှာမွေးတဲ့ ကလေး ၁၀ ယောက်ကို စောင့်ရှောက်ထားပါတယ်။

“ဆရာလေးတို့ကို ဘုန်းတော်ကြီး ကက်ပွာ၊ မွန်းစ်၊ ဘရူနို၊ စကက်တီနို တို့က ဒီအမျိုးသမီးတွေရဲ့ ဘဝကို မြှင့်တင်ပေးဖို့အတွက် တာဝန်ပေးထားတာပါ။ သူတို့အားလုံးက ပြည့်တန်ဆာ ဖြစ်ဖူးသူတွေချည်းပါ။ သူတို့ဘဝတွေကို ပြုပြင်ပြောင်းလဲချင်တယ် ဆိုရင် ဒီမှာသူတို့အတွက် နေရာရှိတယ်ဆိုတာ သူတို့သိကြပါတယ်။” လို့ စစ္စတာ အန်တိုနီယာက ပြောပြပါတယ်။ အမျိုးသမီး တစ်ယောက်ဟာ အဲဒီရိပ်သာမှာ ၆ လကနေ တစ်နှစ်အထိ နေလို့ရပြီးတော့ နေထိုင်နေစဉ် အတွင်းမှာ စာပေသင်ကြားခြင်း၊ သူတို့ရဲ့ ဂုဏ်သိက္ခာ ပြန်လည် အဖတ်ဆည်နိုင်အောင် လုပ်ကြရပါတယ်။ သီလရှင်တွေက ရောက်လာတဲ့ အမျိုးသမီးတွေကို သူတို့ရဲ့ဖြစ်စဉ်တွေကို ချရေးခိုင်းပြီး ဘာတွေဖြစ်ခဲ့တယ်၊ ဘယ်သူတွေက သူတို့ကို ဒီဘဝရောက်အောင် လုပ်ခဲ့တယ် ဆိုတာတွေ ကို ပြောပြစေပါတယ်။

“ဂျူဂျူး ကျမ်းသစ္စာ ကျိန်ခဲ့တာ သူတို့အပေါ် ဘယ်လို အကျိုးသက်ရောက်မှုမှ မရှိပါဘူးဆိုတာကို သူတို့နားလည်အောင် ဆရာလေးတို့ ကြိုးစားပြီး ရှင်းပြရတယ်။”

ဒါပေမယ့် လမ်းမတွေပေါ်မှာ ပြည့်တန်ဆာ အလုပ်ကို ဆက်လက် လုပ်ကိုင်ရင်း အကြွေးဆပ်နေရသေးတဲ့ ၊ ဂျူဂျူး ကျမ်းစူးမှာကို ကြောက်ရွံ့နေတဲ့ မိန်းကလေးတွေ အများအပြား တွေ့နေရပါသေးတယ်။ အချို့ဆိုရင် ပြန်ဆပ်ရမယ့် အကြွေးက ဒေါ်လာ ၅၈,၀၀၀ အထိ အောင်ရှိတယ်။ အကြွေးမပေးနိုင်ရင် သူတို့ပေါ်ကို၊ သူတို့ မိသားစုတွေအပေါ်ကို ဂျူဂျူးကျမ်းစူးမှာလည်း ကြောက်နေတယ်။

စုံစမ်းလေ့လာမှု ဒုတိယ အပိုင်းအဖြစ် ဂျူလီယာနာရူးဖတ်စ်ဟာ အီတလီကနေ နိုင်ဂျီးရီးယားမြို့တော် ဘင်နန်အထိ လိုက်လံပြီးတော့ စုံစမ်းခဲ့ပါတယ်။ ဘင်နန်မြို့ဆိုတာ အင်မတန် ဆင်းရဲတွင်းနစ်နေတဲ့ အမျိုးသမီးတွေအတွက် ဥရောပကို လူကုန်ကူးသန်း ပေးနေတဲ့နေရာဖြစ်ပါတယ်။
ဥရောပ ခရီးစဉ်ကုန်ကျငွေအတွက် အလွန်များပြားလှတဲ့ အကြွေးတွေကို လူကုန်ကူး ဒုစရိုက်ဂိုဏ်းတွေမှာ ဆပ်ကြရပါတယ်။ ဟိုကိုရောက်ရင် ဝင်ငွေကောင်းကောင်းရတဲ့ အလုပ်အကိုင် ကောင်းကောင်းတွေ ရှိတယ်ဆိုတဲ့ မက်လုံးတွေနဲ့ လူကုန်ကူးသူတွေက မြှူဆွယ်ကြပါတယ်။ ပြီးတော့ သူတို့ကို ဂျူဂျူး သစ္စာဆိုခိုင်းပြီး အကြွေးပြန်ဆပ်ခိုင်းပါတော့တယ်။

ဥရောပမြေကို ခြေချမိကာမှ သူတို့အတွက် လုပ်စရာ အလုပ်ဆိုတာ ပြည့်တန်ဆာ အလုပ်ပဲရှိပြီး သူတို့ဟာ လိင်ကုန်ကူးခံခဲ့ရတယ် ဆိုတာသိကြရတယ်။ အဲဒီလို လူကုန်ကူးမှုမှာ ပါဝင်တဲ့ ဂျူဂျူးဘုန်းကြီးက သူဟာ လူ့အဖွဲ့အစည်းအတွက် အမှုတော် ဆောင်နေပါတယ် ဆိုတဲ့ အနေအထားနဲ့ ဂျူဂျူးဥပဒေသတွေကို လိုသလို ဖြည့်စွက်ပြင်ဆင် ဆောင်ရွက်နေတာပါ။

ဒါပေမယ့် ဒီဂျူဂျူး ဓလေ့ဟာ လူကုန်ကူးမှုတွေမှာ လူကုန်ကူးခံရသူတွေကို ချည်နှောင်ဖို့ အသုံးပြုနေတဲ့ အနောက်အာဖရိက ရိုးရာဓလေ့တစ်ခုသာ မဟုတ်ပဲ ဧဝံဂလိ ခရစ်ယာန် တရားဟောဆရာတွေလည်း ပါဝင်တယ်ဆိုတာ ဂျူလီယာနာ သိရှိခဲ့ရပါတယ်။

ရည်ညွှန်း ။ အယ်လ်ဂျာဇီယားသတင်း People & Power ကဏ္ဍတွင်ထုတ်လွှင့်ခဲ့သည့် The Nigerian Connection သတင်းမှတ်တမ်းဆောင်းပါးကို ဆီလျော်စွာဘာသာပြန်ဆိုထားခြင်းဖြစ်သည်။

Google မှာ ဒေါ်လာ သန်း ၅၀၀ တန် လျော်ကြေးပေးဆောင်


အင်တာနက် ရှာဖွေရေး  ကုမ္ပဏီကြီး တစ်ခုဖြစ်သည့် Google မှာ အမေရိကန် အစိုးရနှင့် ဒေါ်လာ သန်း ၅၀၀ တန် လျော်ကြေးပေးဆောင မှု သဘောတူညီမှု တစ်ရပ်ကို ရရှိသွားပြီ ဖြစ်သည်ဟု တရားရေး ဌာနမှ ဗုဒ္ဓဟူးနေ့က ပြောကြားလိုက်သည်။ Google ကုမ္ပဏီမှာ ၎င်းတို့ ဝက်ဆိုက်တွင် ပါရှိသည့် ကနေဒါ နိုင်ငံမှ ဆေးကြော်ငြာ တစ်ခုနှင့် ပတ်သက်ပြီး ယခုလို ဒဏ်ကြေးပေးဆောင်စေရန် ဆုံးဖြတ်ခံလိုက်ရခြင်း ဖြစ်သည်။


အဆိုပါ ဆေးကုမ္ပဏီမှာ အစိုးရမှ သတ်မှတ်ထားသည့် အညွန်းစာ သတ်မှတ်ချက်ကို ဖောက်ဖျက်ခဲ့သည့် အပြင် ဆေးအတုများကို ရောင်းချခဲ့ခြင်း ဖြစ်သဖြင့် ယင်းဆေး ကုမ္ပဏီကို ကြော်ငြာပေးခဲ့သည့် အတွက် Google အား  ယခုလို ဒဏ်ကြေး ချမှတ်လိုက်ခြင်းပင် ဖြစ်သည်။ယခုကိစ္စအတွက် လွန်ခဲ့သည့် မေလမှ စတင်ကာ စုံစမ်းမှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး မူလက Google ကုမ္ပဏီမှာ ပမာဏ များပြားသော ငွေကြေးများကို ပေးဆောင်ရန် သဘောတူညီခြင်း မရှိသည့်အတွက် ယခုလို စစ်ဆေးမှု  ပြုလုပ်ရခြင်း ဖြစ်သည်။

အဆိုပါ စစ်ဆေးမှု အရ Google အနေဖြင့် တရားမဝင်သည့် ဆေးကို ကြော်ငြာမိသဖြင့် ယခုလို ဒဏ်ကြေး ပေးဆောင် စေရန် ဆုံးဖြတ်လိုက်ခြင်းပင် ဖြစ်သည်။ယခုလို ပေးဆောင်ရမှုကြောင့် Google ကုမ္ပဏီ အနေဖြင့် ၎င်း၏ လေးလပတ် အမြတ်ငွေများထဲမှ ၂၂ ရာနှုန်းအထိ ဆုံးရှုံးရတော့မည် ဖြစ်သည်။

ဂျာမနီ နိုင်ငံတွင်းရှိ နျူကလီးယား စွမ်းအင်စက်ရုံ (၁၇) ရုံးစလုံးအား လာမည့် ၂၀၂၂ ခုနှစ်တွင် အပြီးတိုင် ပိတ်သိမ်းရန် စီစဉ်နေ

ဂျာမန်အစိုးရသည် အစိုးရအဖွဲ့အတွင်း ၁၂ နာရီအကြာ ဆွေးနွေးပြီးနောက် ဂျာမနီ နိုင်ငံတွင်းရှိ နျူကလီးယား စွမ်းအင်စက်ရုံ (၁၇) ရုံးစလုံးအား လာမည့် ၂၀၂၂ ခုနှစ်တွင် အပြီးတိုင် ပိတ်သိမ်းရန် စီစဉ်နေကြောင်း မေလ ၃၀ ရက် တနင်္လာနေ့ နံနက်ပိုင်းက ကြေငြာခဲ့သည်။
သဘာဝပါဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ဝန်ကြီး Norbert Roettgen ကပြောကြားရာတွင် ဂျပန်နိုင်ငံ၏ ဖူကူရှိးမား အနုမြူ ဓါတ်ပေါင်းဖို ဘေးအန္တရယ် ကျရောက်ခဲ့သော မတ်လအတွင်းကပင် သက်တမ်းကြာနေပြီးဖြစ်သော နျူကလီးယား စွမ်းအင်စက်ရုံ (၇) ခုကို ရပ်တန့်ထားပြီး ဖြစ်ကာ ၎င်းတို့အနက် Kruemmel နျူကလီးယား စွမ်းအင်စက်ရုံ ကို အပြီးတိုင် ပိတ်သိမ်းလိုက်ပြီ ဖြစ်ကြောင်းသိရသည်။

ကျန် နျူကလီးယား စွမ်းအင်စက်ရုံ (၆) ခုကို လာမည့် ၂၀၂၁ ခုနှစ်တွင် ပိတ်သိမ်းသွားမည် ဖြစ်ပြီး နိုင်ငံ၏ အသုံးပြုသော စုစုပေါင်းစွမ်းအင် ပမာဏ၏ ၂၃ ရာခိုင်နှုန်းဖြစ်သော နျူကလီးယား စွမ်းအင်စက်ရုံများ ပိတ်သိမ်းပြီးနောက် ပေါ်ပေါက်လာနိုင်သော လျှပ်စစ်ဓါတ်အား ပြတ်တောက်မှုများအတွက် အရန်အဖြစ် နောက်ဆုံး တည်ဆောက်ထားသော စက်ရုံ (၃)ရုံကို ၂၀၂၂ ခုနှစ်အထိ လည်ပါတ်ထားမည်ဖြစ်ကြောင်း သိရသည်။

“အခုဆုံးဖြတ်လိုက်တဲ့ ဆုံးဖြတ်ချက်က တိကျပြတ်သားပြီး ခိုင်မာပါတယ်။ ဆုံးဖြတ်ချက်ကို ပြန်လည် ပြောင်းလဲစရာ အကြောင်းလည်း မရှိပါဘူး” ဟု သဘာဝပါဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ဝန်ကြီး Norbert Roettgen က ပြောကြားပါသည်။

ယခုဆုံးဖြတ်ချက်သည် ပြီးခဲ့သော နှစ်က ဂျမန်အစိုးရက ၂၀၃၅ ဟု သတ်မှတ်ခဲ့သည့် နျူကလီယား စွမ်းအင်စက်ရုံများ ပိတ်သိမ်းမည့် အချိန်ကို ရှေ့သို့တိုးကာ ၂၀၂၂ အဖြစ် ပြန်လည်ဆွေးနွေး ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြောက်ကိုရီးယား က ဟက်ကာ ၃၀၀၀ ကျော် မွေးထုတ် နိုင်ခဲ့



မြောက်ကိုရီးယား နိုင်ငံ က ကွန်ပျူတော တွေ ကို ဖောက်ထွင်း ၀င်ရောက် မွှေနှောက် ပြီး အချက်
အလက် တွေ ယူကာ ဖျက် ဆီး သွား တတ်တဲ့ ကွန်ပျူတာ ဟက် ကာတွေ ကို မွေးထုတ် နေပြီး
အခုဆို ရင် ကမ္ဘာ့ အဆင့် မှီ ဟက်ကာ ၃၀၀၀ လောက် ရှိတယ် လို့  မြောက်ကိုရီးယား ကနေ တောင်
ကိုရီးယား နိုင်ငံ ကို  ဘက်ပြောင်း ခိုလှုံ လာတဲ့ ကွန်ပျုတာ စောရ သမား နှစ်ဦး က အယ်(လ) ဂျာဇီး
ယား သတင်း ဌာန ကို ပြောပါတယ်။
နိုင်ငံ ရဲ့  ပညာ ရေး စနစ် က တော့ ဓားမ နောက် ပိတ် ခွေ ဖြစ်နေပေမယ့် ကွန်ပျူ တာ ထူး ချွန်သူ
တွေ ကို တော့ ငယ်ငယ် ကတည်း ကျောင်း တွေ ကနေ လေ့ လာ စုံစမ်း ပြီး ငယ်စဉ် ကတည်းက
သင်ကြား ပေး ခဲ့တာ လို့  ဆိုပါတယ်။
တောင်ကိုရီးယား သို့ ထွက် ပြေးလာသူများ အနက် ကင်ဟွမ်ကောင်း သည် မြောက်ကိုရီးယား အ
စိုးရ၏ လှို့ ဝှက် ဆိုင် ဘာ တိုက် ခိုက် ရေး အထူး ယူနစ် ဖြစ် သည့် Unit 121 တွင် တာဝန်ထမ်းဆောင်
မည့် သူများ ကို လေ့ကျင့် သင်ကြားပေး ရသည့် တက္ကသိုလ် ပါမောက္ခ တစ်ဦး ဖြစ်ပြီး ကိုယ်တိုင် လည်း
ဆိုင် ဘာ တိုက် ခဲ့ ရေး သမား တစ်ဦး ဖြစ်သည်။
ကင်က မြောက် ကို ရီးယား အစိုး ရ ၏ ဟက် ကာ စုဆောင်း ပုံ ကို ပြောပြရာတွင် နိုင်ငံ တ၀ှမ်း ရှိ
အထက်တန်း ၊ အလယ်တန်း ကျောင်း များ မှ ကွန်ပျူတာ၊သင်္ချာ နှင့် စနစ်စီမံ မှု ဆိုင်ရာ  ထူးချွန်
သည့် ကျောင်းသား များ ကို စုဆောင်း ပြီး Kim Il Sung University, Kim Chaek University of
Technology နှင့်Hamheung College စသည့် မြောက် ကို ရီးယား ရှိ ထင် ရှား သော ကျောင်းများ
တွင် အစိုးရ စရိတ် ဖြင့် ပညာ သင်ကြားပေး ပြီး ထူးချွန်မှု ရှိသည့် ကျောင်းသား များ ကို တရုတ် နှင့်
ရုရှား တို့  တွင် ပညာ သင်ယူစေသည် ဟု ထုတ် ဖော်ပြောကြား ခဲ့သည်။
Unit 121 သည် မြောက် ကို ရီးယား အစိုး ရက အထူး အခွင့် ရေး ပေး ခံထား ရသည့် အဖွဲ့ ဖြစ် ပြီး
လတ် တလော ဆိုင် ဘာ တိုက် ခိုက် မှု များ အတွက် တာဝန် ရှိ သည် ဟု သူက ထုတ် ဖော် ပြော
ကြား ခဲ့သည်။
မြောက်ကိုရီးယား မှ ဆိုင် ဘာ တိုက် ခိုက်မှု ကျွမ်းကျင် သူများ သည့် အခြား နိုင်ငံများ သို့  နှစ်စဉ်
ထွက်ပြေး ခို လှုံကြပြီး  အသက် ၆၂ နှစ် ရှိ ကင် သည် လည်း ထွက် ဘက် ပြောင်း ခိုလှုံ သူများ ထဲ
မှ အဆင့် မြင့် ဆုံး သူ တစ်ဦး ဖြစ်သည်။
သူက မြောက် ကို ရီးယား အစိုးရ ကို စွန့် ခွာ လာရ သည့် အကြောင်း ကို အယ်(လ)ဂျာဇီးယား ရုပ်
သံ ကို ပြောပြ ချက် များ ကို အောက် တွင် ထုတ် နှုတ် ဖော်ပြထားသည်။
“First, cybermilitary strength is cost effective. With the North’s deteriorating economic
situation, it cannot compete with South Korea or the US in building conventional military
army, naval or air forces.
“Grooming prodigies, deploying them, setting up internet, buying programmes, and providing
conditions for them to operate in China or another third country is considerably cheaper than
buying new weapons or fighter jets which cost hundreds of millions of dollars,” Kim said.
“Second, North Korea is extremely confident of its software development capabilities, as
cracking passwords within a secured system and finding patches within networks are all
based on mathematical capabilities.
“Third, cyberstrength provides higher utility than any other naval, air, or army force. A state
may possess tens of thousands of foot soldiers or hundreds of jets - but rarely would be able to
use them, “especially in this day and age”.
“But cybermanpower – once you have that established you can steal any classifed information
from enemy states, incapacitate their servers and cause social panic through psychological
warfare. It’s high in utility in terms of creating different types of confusion and chaos – and
that is cyberwarfare’s biggest merit,” said Kim.
“Fourth, cyber warfare is asymmetrically advantageous for the North. None of its servers are
yet connected to the internet, which makes it immune to cyberattacks. But South Korea and
other enemy countries, or any other country for that matter, will undergo major chaos if their
computer system were to crash. For this very reason North Korea is fascinated with cyberwarfare.”
“Finally, North Korea has recognised the internet’s inherent weakness from its very inception
in the mid-1990s. It realised that, as long as it maintained an attack network, it could easily
hack into strategic targets with considerable speed. That’s why they were driven to aggressively
engage China in military exchanges to quickly build up a cyberforce of 500 hackers.

တရုတ်၏ ဟက်ကာ တိုက်ခိုက်မှု အား FBI က စုံစမ်းပြီ




ဒယ်နီယလ် ကိန်း၊                   ၊ဗုဒ္ဓဟူးနေ့က ဂူဂယ်မှ Gmail သုံးစွဲသူ တရုတ်နိုင်ငံရေးလှုပ်ရှားသူများ၊
အမေရိကန်နှင့် အာရှနိုင်ငံအချို့မှ အစိုးရအရာရှိများ၊ အမေရိကန် သမ္မအိမ်ဖြူတော် မှ ၀န်ထမ်းများ
၏ Gmail Password များကိုရယူရန် နှင့် ၄င်းတို့၏ Email Account  များကို စောင့်ကြည့်ရန်အတွက်
ထိုးဖောက်လာသည့် ဆိုင်ဘာသူလျှိုတိုက်ခိုက်မှုတခုကို ထောက်လှမ်း သိရှိခဲ့ပြီး ဟန့်တားခဲ့ရသည်။ ဂူဂယ်လ်ကုမ္ပဏီမှ ဆိုင်ဘာသူလျှိုတိုက်ခိုက်မှု၏ အဓိကပစ်မှတ်သည် အာရှတိုက်နိုင်ငံအချို့၏ အစိုးရအရာရှိများ
၊ အမေရိကန်အရပ်ဘက်နှင့်စစ်ဘက်မှ ထိပ်တန်းအရာရှိများနှင့်ဂျာနယ်လစ်များ၏ Gmail Account များဖြစ်
သည်ဟု ပြောကြားခဲ့ပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးဋ္ဌာနမှခါတိုင်းလိုပင်ြ
ငင်းပယ်လိုက်သည်။ ဂူဂယ်လ်
ကုမ္ပဏီမှ တရုတ်အစိုးရကို တိုက်ရိုက်မစွပ်စွဲသော်လည်း ဤတိုက်ခိုက်မှုသည် တရုတ်နိုင်ငံ၊ ရှန်တုန်းပြည်
နယ်၏မြို့တော်ဖြစ်သည့် ကျီနန်မြို့ မှဖြစ်သည်ကိုဖေါ်ထုတ်ခဲ့သည်။
ဂူဂယ်မှ ထိုးဖောက်တိုက်ခိုက်ခံခဲ့ရသည့် Gmail User များနှင့် သက်ဆိုင်ရာအစိုးရများသို့ အသိပေးအကြောင်း
ကြားခဲ့သည်။
အိမ်ဖြူတော်မှ ဤဖြစ်ရပ်နှင့်ပတ်သက်ပြီး အစီရင်ခံစာများအရ စုံစမ်းစစ်ဆေးနေကြောင်းနှင့်
အမေရိကန်အစိုးရအရာရှိများ၏ Gmail A­ccount 
များ ထိုးဖောက်ခံရခြင်းမရှိဟုယုံကြည်ကြောင်း ပြောကြား
ခဲ့သည်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်မှ ပြည်ထောင်စုစုံစမ်းစစ်ဆေးရေးဗျူရို (FBI)
မှ ယခုဖြစ်ရပ်အား စုံစမ်းစစ်ဆေးမည်ဖြစ်သည်ဟုပြောကြားခဲ့သည်။

အမှန်မှာ ပြည်တွင်းတွင် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများအားဖော်ထုတ်ဖမ်းဆီးရန်လည်းကောင်း၊ နည်းပ
ညာနှင့်စီးပွားရေးအရ အနောက်နိုင်ငံများနှင့်မယှဉ်နိုင်သည့်အတွက် တရုတ်အစိုးရနှင့်တရုတ်စစ်ဘက်မှ
အဓိကပံ့ပိုးမှုပေးသည့် တရုတ်ဟက်ကာများအား  နိုင်ငံတကာရှိအစိုးရများနှင့်ကုမ္ပဏီကြီးများ၏ သတင်း
အချက်အလက် မှတ်တမ်းများ၊ အစိုးရအရာရှိများနှင့်စစ်ဘက်အရာရှိများ၊ ကုမ္ပဏီကြီးများ၏အရာရှိများ၊
ပြည်တွင်းပြည်ပဂျာနယ်လစ်များ၊ ကွန်မြူနစ်စနစ်ကိုဆန့်ကျင်သည့် တရုတ်နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ
စသူတို့၏ အီးမေးလ်အကောင့်များကို ဦးတည်၍တိုက်ခိုက်စေပြီး နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေး၊ နည်းပညာ၊
ကိုယ်ရေးကိုယ်တာ သတင်းအချက်အလက်များနှင့် Email Password များ
ကို ခိုးယူလေ့ရှိသည်။ တချီတွင်
ဂျာမနီအစိုးရ၏ သတင်းအချက်အလက်များ ခိုးယူရန်အတွက် တရုတ်မှဆိုင်ဘာသူလျှိုတိုက်ခိုက်မှုလုပ်ခဲ့ရာ
အလွန်ဒေါသထွက်သွားသည့် ဂျာမနီဝန်ကြီးချုပ် အန်ဂျလာမာကယ်မှ တရုတ်ဝန်ကြီးချုပ်ဝမ်ကျားပေါင်အား ချက်ချင်းဖုန်းဆက်၍ ပြစ်တင်ကန့်ကွက်ခဲ့သည်အထိဖြစ်ခဲ့ဘူးသည်။
တရုတ်နိုင်ငံ၏သူလျှိုများမှအမေရိကန်ပြည်ထောင်စု၏ လျှို့ဝှက်သတင်းအချက်အလက်ခိုးယူမှုများကို အရှိန်မြှင့်
လုပ်ဆောင်လာကာ ယင်းအချက်အလက်တို့အား တရုတ်စစ်ရေးနှင့်စီးပွားရေးတည်ဆောက်ရာတွင် အသုံးပြုနေခြင်းနှင့်
ပတ်သက်၍ အမေရိကန်အကြံပေးပညာရှင်အဖွဲ့တစ်ခုဖြစ်သော
အမေရိကန်-တရုတ် စီးပွားရေးနှင့်လုံခြုံရေးဆိုင်ရာ
ပြန်လည်စိစစ်ရေးကော်မရှင်
(US-China Economic and Security Review Commission) မှ ၂၀၀၉ ခုနှစ် နိုဝင်
ဘာလတွင် ထုတ်ပြန်သောအစီရင်ခံစာ၌ှ သတိပေးခဲ့ဘူးသည်။



အဆိုပါသတိပေးအစီရင်ခံစာတွင် တရုတ်ဆိုင်ဘာသူလျှိုတိုက်ခိုက်မှုသည် ပိုမိုပြင်းထန်၍ အဆင့်မြင့်လာနေကြောင်း
ကို ဖေါ်ပြထားခဲ့သည်။ တရုတ်နိုင်ငံသည်၎င်း၏ သူလျှိုလုပ်ငန်းဆောင်ရွက်မှုလုပ်ငန်းကှို လမ်းကြောင်းပြောင်း
လာနေကြောင်း ၎င်းအကြံပေးအဖွဲ့၏ဥက္ကဌ ကယ်ရိုလင်းဘာသိုလိုမြူ
(ယခင် အမေရိကန်အောက်လွှတ်တော်ဥက္ကဌ နန်စီပယ်လိုစီ၏ နိုင်ငံခြားရေးမူဝါဒဆိုင်ရာအကြံပေးအရာရှိ နှင့် အမေရိကန်အောက်လွှတ်တော် ထောက်လှမ်းရေး
ဆိုင်ရာ ကော်မတီအဖွဲ့ဝင်)
မှတရားဝင်ပြောကြားခဲ့သည်။



အမေရိကန်စစ်ဘက်အထက်တန်းအရာရှိ ဗိုလ်မှူးကြီးဂေရီမက်အလမ် မှ ၂၀၀၈ ခုနှစ် အတွင်း အမေရိကန်ကာကွယ်ရေး
ဝန်ကြီးဌာန၏ ကွန်ယက်စနစ်အတွင်းသို့နှောင့်ယှက် ထိုးဖောက်မှု အကြိမ်ပေါင်း ၅၄၆၄၀ ခန့်ရှိခဲ့၍ ၂၀၀၇ ခုနှစ်နှင့်နှိင်း
ယှဉ်လျှင် ၂၀% မြင့်တက်လာ၍ယခုနှစ် (၂၀၀၉) တွင် အလားတူဖြစ်ရပ်မျိုး ၆၀% ထပ်မံ မြင့်တက်လာမည်ဟု မျှော်လင့်
ရကြောင်း ၎င်းအကြံပေးအဖွဲ့အား အသိပေးပြော ကြား ခဲ့သည်။ ၎င်းသတိပေးအစီရင်ခံစာတွင် ဤထိုးဖောက်မှုများအားလုံးသည် တရုတ်နိုင်ငံမှမဟုတ်သော်လည်း အဓိကလက်သည်မှာ တရုတ်နိုင်ငံဖြစ်ကြောင်း ရှင်းလင်းစွာဖေါ်ပြထား၍၊ တရုတ်၏အာကာသဆိုင်ရာနည်းပညာပိုင်းကို တိုးတက်မှူရရှိစေခဲ့သည့် နည်းပညာသူလျှိုမှု  ၂ ခု ကိုလည်း ဖေါ်ထုတ်ထားသည်။

အမေရိကန်ပြည်ထောင်စုလွှတ်တော် အားတင်ပြခဲ့သည့် စာမျက်နှာ (၃၆၇) ပါ ၎င်းအစီရင်ခံစာတွင် ကျယ်ပြန့်၍ယုံကြည်စိတ်
ချရသည့် မှုခင်းဆိုင်ရာအထောက်အထားအချက်အလက်များမှ ယင်းဆိုင်ဘာသူလျှိုတိုက်ခိုက်မြှု
ဖစ်ရပ်များတွင် တရုတ်အစိုးရ၏ပါဝင်ပတ်သက်နေမှုကို အခိုင်အမာဖေါ်ပြနေကြောင်း ဤအကြံပေးပညာရှင်အဖွဲ့မှထောက်ပြထားခဲ့သည်။ ဝါရှင်တန်အခြေစိုက်တရုတ်သံရုံး၏ပြောရေးဆိုခွင့်ရှိသူ ၀မ်ပေါင်းတောင် မှမူ ဤသတိပေးအစီရင်ခံစာပါ သူလျှိုလုပ်ငန်း
လုပ်ဆောင်မှု များနှင့်ပတ်သက်၍ အခြေအမြစ်မရှိပဲ၊ မခိုင်မာသည့် အကြောင်းမဲ့စွပ်စွဲမှုများသာ ဖြစ်သည်ဟုပြော၍ ထုံးစံ
အတိုင်းငြင်းဆိုခဲ့သည်။
တရုတ်နိုင်ငံ၏ ငြိမ်းချမ်းစဉ်ကာလသတင်းအချက်အလက်ခိုးယူအမြတ်ထုတ်မှုများသည် အဓိကအားဖြင့် အမေရိကန်နိုင်ငံရှိ စစ်ရေးပစ်မှတ်များ၊  ပြည်ပရောက်တရုတ်အတိုက်အခံအဖွဲ့အစည်းများ နှင့်သက်ဆိုင်သော ထောက်လှမ်းရေးဆိုင်ရာသတင်း
အချက်အလက်များ ပေါ်တွင် အာရုံထားလေ့ရှိကြောင်းနှင့် တရုတ်နိုင်ငံသည် ထိုင်ဝမ်နှင့်စစ်ဖြစ်လျှင် အမေရိကန်တပ်များ ဒေ
သတွင်း ဝင်ရောက်လာခြင်းမှ ပိတ်ဆို့ဟန့်တားနိုင်ရန်ရည်ရွယ်၍ တရုတ်ရေတပ် (PLAN) အား တိုးချဲ့တည်ဆောက်နေကြောင်း
တို့ကိုလည်း ၎င်းတွင်ဖေါ်ပြထားသည်။ အဓိကအမေရိကန်နိုင်ငံရေးပါတီကြီးနှစ်ခုမှ အကြံပေးပညာရှင်အဖွဲ့ဝင် (၁၂) ဦး ဖြင့်ဖွဲ့ထားသောအဆိုပါကော်မရှင်အား ကြီးထွားနေသော အမေရိကန်-တရုတ် ကုန်သွယ်ရေးမှ ဖြစ်ပေါ်လာမည့် နိုင်ငံရေး
သက်ရောက်မှုများအား အသေးစိတ်စိစစ်ရန်အတွက် ၂၀၀၀ ခုနှစ်တွင် စတင်ဖွဲ့စည်းတည်ထောင်ခဲ့ခြင်းဖြစ်သည်။

နိုင်ငံရေးနှင့်စီးပွားရေးကိစ္စရပ်များ၊ နည်းပညာများ၊ သယံဇာတနှင့်တွင်းထွက်ပစ္စည်းများနှင့်ပတ်သက်၍ ၄င်း၏အကျိုးစီးပွားကို
သာရှေးရှု၍
ဂုဏ်သိက္ခာကိုအလေးမထားပဲ တကိုယ်ကောင်းဆန်ဆန်နိမ့်ကျစွာ ပြုမူဆောင်ရွက်လေ့ရှိသည့်အတွက် တရုတ်နိုင်
ငံအား
ဂျပန်၊ ကိုရီးယား၊ ထိုင်ဝမ်၊ အိန္ဒိယ အစရှိသည့် ဒီမိုကရေစီထွန်းကားသောနိုင်ငံများ၊ ယုတ်စွအဆုံး ၄င်း၏လက်အောက်ခံဒေသများဖြစ်သည့် ဟောင်ကောင်၊ မကာအို၊ တိဘက်၊ စင်ကျန်၊ မွန်ဂိုးလီးယားအစရှိသည့်ဒေသများမှပင်လိုလားခြင်းမရှိကြပါ။ မြန်မာနိုင်ငံတွင်လည်း မြန်မာပြည်သူများမှ နှစ်မြို့ခြင်းမရှိကြပဲ ယခုချိန်တွင် တရုတ်ရေတပ်သင်္ဘော
များဆိုက်ရောက်လာနေပြီး တရုတ်ကုမ္ပဏီလုံခြုံရေးအကြောင်းပြပြီး တရုတ်စစ်တပ်များပင် ၀င်ရောက်တပ်စွဲတော့မည်
အထိဖြစ်လာနေပြီဖြစ်ပါသည်။  မြန်မာ၊ပါကစ္စတန်၊ဘင်္ဂလားဒေ့ရှ်၊ သီရိလင်္ကာနိုင်ငံများကိုဆက်စပ်၍ ပုလဲသွယ်မဟာဗျူဟာ
(String of Pearls Strategy) ဖြင့် အိန္ဒိယသမုဒ္ဒရာတွင်း
ရေကြောင်းစိုးမိုးမှုရယူရန်ကြိုးပမ်းခြင်း၊ တောင်တရုတ်ပင်လယ်ကို ၄င်းပိုင်နက်ဟုသတ်မှတ်ထားပြီး စပရက်တ်လီကျွန်းများနှင့် ပါရာဆယ်ကျွန်းများကို လက်အုပ်ကြီးအုပ်၍ မြေအောက်သယံဇာ
တများကိုရယူရန်ကြိုးစားနေခြင်းကြောင့် အရှေ့တောင်အာရှနိုင်ငံအချို့နှင့် ပဋ္ဋိပက္ခအသွင်ဆောင်နေ၍ ကြိုကြားကြိုကြား တိုက်ပွဲငယ်များဖြစ်ပွားခဲ့ရာမှ ဒေသတွင်းနိုင်ငံများမှ တရုတ်ရေတပ်၏ အန္တရာယ်ကို ကာကွယ်ရန်အတွက်
သြစတြေးလျနှင့်
အိန္ဒိယအပါအ၀င် အရှေ့တောင်အာရှနိုင်ငံအချို့မှ
၎င်းတို့၏ရေတပ်နှင့်လေတပ်ကို တိုးချဲ့ရန် အပြိုင်အဆိုင်အားထုတ်လာခဲ့ကြ
ရပြီဖြစ်သည်။
Daniel Kane
Ref: China Rejects Gmail Spying Claims, China Steps up Cyber-spying on US

London အုံကြွမှု အခြားနယ်များသို့ ပျံ့နှံ့


လန်ဒန်မြို့ရှိ လူဆင်းရဲများ နေထိုင်ရာ ဒေသများသို့ ဆက်လက် ပျံ့နှံ့လာသည့် လူထုအုံကြွမှုများမှာ လွန်ခဲ့သည့် တနင်္လာနေ့ညက နေရာခြောက်နေရာ တွင်ထပ်မံ ဖြစ်ပေါ်နေပြီး ဝန်ကြီးချုပ်ဖြစ်သူ  ဒေးဗစ်ကင်မရွန်းမှာလည်း ၎င်း ၏အားလပ်ရက် အနားယူမှုကို အဆုံးသတ်ပြီး အင်္ဂါနေ့တွင် နိုင်ငံ သို့ပြန်လည်မည် ဖြစ်သည်ဟု ပြောကြားလိုက်သည်။

ဆန္ဒပြမှုများမှာ Hackney, Lewisham, Clapham, Peckham, Croydon နှင့် Woolwich တို့အပြင် ဘာမင်ဂမ်မြို့များသို့ပါ ပျံ့နှံ့သွားခဲ့ပြီး ကားများကို မီးရှို့ဖျက်ဆီးကြပြီး နေအိမ်မှန်ချပ်များကိုလည်း ခွဲချေ ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ယခုလို လူထူအုံကြွမှုမှာ လွန်ခဲ့သော တနင်္ဂနွေနေ့ညက စတင်ကာ တော်တင်ဟမ်မြို့တွင် ဖြစ်ပေါ်ခဲ့ရခြင်းဖြစ်ပြီး  ရဲတပ်ဖွဲ့မှ ဂိုဏ်းအဖွဲ့တစ်ခု မှအဖွဲ့ဝင်တစ်ဦးအား သေနတ်ဖြင့် ပစ်သတ်ခဲ့ပြီးနောက် စတင်ဖြစ်ပေါ်ခဲ့ရခြင်းဖြစ်သည်။

သို့ရာတွင် လူအများမှပြောရာ၌ ယခုလို အုံကြွမှုဖြစ်ရသည့် အဓိက အကြောင်းရင်းမှာ ခြိုးခြံချွေတာရေးလမ်း စဉ်ကြောင့်ဖြစ်ကြောင်း ပြောကြသည်။ ယခုလိုဖြစ်ရပ် ကြောင့် လန်ဒန်ရဲတပ်ဖွဲ့အတွက် ပိုမို အကြပ်ရိုက်စေမှုမှာလာမည့် ၂၀၁၂ လန်ဒန်အိုလံပစ် ပွဲကျင်းပရာ နေရာအနီးတွင် လူထုအုံကြွမှု ဖြစ်ပေါ်နေခြင်း ပင်ဖြစ်ပြီး ယခုဖြစ်စဉ်မှာ လွန်ခဲ့သည် ၁၉၈၅ ခုနှစ်က ဖြစ်ပွားခဲ့သည့် အုံကြွမှုအပြီးတွင် အဆိုးရွားဆုံး ဖြစ်ရပ်တစ်ခုလည်း ဖြစ်သည်။

တရုတ် ချစ်သူများနေ့တွင် ချစ်သူစုံတွဲ (၄၂၀၀)ခန့် လက်ထပ်ပွဲ ဆင်နွှဲ


တရုတ် ပြက္ခဒိန်အရ (၇)လပိုင်း (၇)ရက်နေ့ဟာ တရုတ် ချစ်သူများနေ့ဖြစ်ပါသည်။ အဆိုပါနေ့ကို တရုတ်လို  ချီရှီး ၊ တစ်နည်းအားဖြင့်  နိုက် အော့ဖ် ဆဲဗင်း  လို့ လက်ခံထားကြပြီး ဒါဟာ တရုတ်ရှေးဟောင်း ဒဏ္ဍာရီလာ ဖြစ်ရပ်တစ်ခုအပေါ် အခြေခံထားတာ ဖြစ်ပါသည်။ အဲဒီ ဒဏ္ဍာရီအရ ကွဲကွာနေရတဲ့ ချစ်သူနှစ်ဦးဟာ  ချီရှီး နေ့မှာ ငှက်ကျားတွေ ဖန်တီး ပေးထားတဲ့ ကြယ်စင်တစ်ခုနဲ့ တစ်ခုအကြား ဆက်သွယ်ပေးထားတဲ့ တံတားတစ်ခုပေါ်မှာ တစ်ဦးနဲ့ တစ်ဦး တွေ့ဆုံခွင့်ရခဲ့ကြတယ်လို့ ဆိုပါသည်။

အဲဒီပုံပြင်ဟာ လူအများရဲ့ စိတ်နှလုံးကို သိမ်းယူ စိုးပိုင်နိုင်ခဲ့ရာ ချီရှီး  ဟာ နှစ်ပေါင်း နှစ်ထောင်ကျော်လာတဲ့အထိ ထုံးတမ်း အစဉ်အလာ တစ်ခုလို ထိမ်းသိမ်းစောင့်ရှောက်ခြင်း ခံခဲ့ရပါသည်။ ယနေ့ခေတ်မှာတော့  ချီရှီး  ကို လူငယ်အများစုက တရုတ်ချစ်သူများနေ့အဖြစ် ရှုမြင်ကြပြီး သူတို့ရဲ့ လက်တွဲဖော်များနဲ့အတူ အထိမ်းအမှတ် အခမ်းအနားတွေ ဆင်နွဲလေ့ရှိကြပါသည်။

ယခုနှစ်ရဲ့ တရုတ်ချစ်သူများနေ့မှာ ပေကျင်းတစ်မြို့ တည်းမှာတင် ချစ်သူစုံတွဲ(၄၂၅၁)ဦး လက်ထပ်ထိမ်းမြားဖို့ မှတ်ပုံတင်ခဲ့ကြပြီး ဒီအရေအတွက်ဟာ ဖေဖော်ဝါရီလ(၁၄)ရက်နေ့မှာ ကျရောက်တဲ့ ချစ်သူများနေ့မှာ လက်ထပ်ကြတဲ့ အရေအတွက်ထက် အဆ(၂၀၀) ပိုပြီးများပြား ခဲ့တယ်လို့ စာရင်းများမှာ ဖော်ပြထားပါသည်။ ပေကျင်းက လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ ဌာနကလည်း အဲဒီနေ့မှာ ပုံမှန်ရုံးချိန်ထက် တစ်နာရီ စောပြီး ဖွင့်လှစ်ပေးခဲ့ရသလို စာရင်းသွင်းလိုတဲ့ ချစ်သူစုံတွဲတွေကလည်း တစ်ရက်ကြိုပြီး ရုံးရှေ့မှာ တန်းစီစောင့်ဆိုင်းခဲ့ကြရကြောင်း သိရပါသည်။

ဟောင်ကောင်၌ ကွယ်လွန်သူ မင်းသားဘရုစ်လီ၏ ပစ္စည်းများကို လေလံတင် ရောင်းချ



ကွယ်လွန်သူ ရုပ်ရှင်မင်းသား ဘရုစ်လီ ၀တ်ဆင်ခဲ့သည့် သိုးမွေး အနားကွပ် အင်္ကျီတစ်ထည်နဲ့ အခြားပစ္စည်း (၁၂)ခုကို ဟောင်ကောင်မှာ စနေနေ့က လေလံတင် ရောင်းချခဲ့ရာ အမေရိကန်ဒေါ်လာ (၂၂၀၀၀၀)ရရှိခဲ့ကြောင်း သိရသည်။ မင်းသားဘရုစ်လီရဲ့ ပစ္စည်းတွေကို အမေရိကန်လူမျိုး အနုပညာပစ္စည်း စုဆောင်းသူတစ်ဦးက ရောင်းချခဲ့ခြင်း ဖြစ်သည်။

လေလံပွဲမှာ လူကြိုက်အများဆုံး ဖြစ်ခဲ့သည့် ပစ္စည်းမှာ ဘရုစ်လီ နောက်ဆုံး ရိုက်ကူးခဲ့သည့် ဂိမ်းအော့ဖ် ဒတ် ဇာတ်ကားထဲမှာ ၀တ်ဆင်ခဲ့သည့် သိုးမွှေးအနားကွပ် အင်္ကျီဖြစ်ပြီး အဆိုပါ အင်္ကျီကို အမေရိကန်ဒေါ်လာ (၇၇၀၀၀)နဲ့ ရောင်းချနိုင်ခဲ့သည့်အတွက် မူလက မျှော်မှန်းထားသည့် ဈေးနှုန်းထက် ပိုပြီးရခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် သူငယ်ချင်း တစ်ဦးထံ ရေးသားပေးပို့ခဲ့တဲ့ ဘရုစ်လီရဲ့ စာတစ်စောင်သည် အမေရိကန်ဒေါ်လာ (၅၁၀၀၀)ထိ ရရှိခဲ့ကြောင်း သိရသည်။ မင်းသား ဘရုစ်လီသည် အဲန်းတား သယ် ဒရယ်ဂွန် အပါအ၀င် ကွန်ဖူး ရုပ်ရှင်ကားများစွာ ရိုက်ကူးခဲ့ပြီး ပရိသတ်တွေ အကြိုက်တွေ့ခဲ့သည့် မင်းသားတစ်ဦး ဖြစ်သည်။ သူသည် (၁၉၇၃)ခုနှစ်မှာ ကွယ်လွန်သွားခဲ့ပြီး၊ ကွယ်လွန်ချိန်မှာ အသက် (၃၂)နှစ်အရွယ် ရှိပြီဖြစ်ကြောင်း သိရသည်။

အနာဂတ်နည်းပညာ


အနာဂတ္တိအမေရိကန်သိပ္ပံရှင်များက နာနိုတက္ကနိုလော်ဂျီ နှင့် ခန္ဓာဗေဒကို ပိုမိုနားလည်လာခြင်းများမှ နောက်နှစ်ပေါင်း ၂၀ ခန့်ကာလအတွင်းမှာပင် လူသားများသည် “မသေမျိုး” (Immortal) ဖြစ်လာအောင် စွမ်းဆောင်နိုင်လိမ့်မည်ဟု ဟောကိန်းထုတ်ခဲ့သည်။ ရှေးဆယ်စုနှစ်များ၏ အနာဂတ် နည်းပညာများကို ခန့်မှန်းတွက်ချက်သူ ရေး ကာ့ဇွီ (Ray Kurzwei) က “ကျွန်တော်နဲ့ တခြားသိပ္ပံပညာရှင်အများအပြားဟာ နောက်နှစ်ပေါင်း ၂၀ ၀န်းကျင်လောက်မှာ ကျွန်တော်တို့ရဲ့ ကိုယ်ခန္ဓာကို ပြန်လည်ပရိုဂရမ်ရေးဆွဲ (Reprogramme) နိုင်မယ့် ကျောက်ခေတ်ဆော့ဝဲ (Stone-age Software) ခေါ်တဲ့ နည်းလမ်းကို ရရှိလိမ့်မယ်လို့ အခု ယုံကြည်နေကြပါတယ်။ ဒီလိုဆိုရင် အသက်အရွယ်ကြီးရင့်မှုကို ပြောင်းပြန်လှန်ပြီး ရပ်တန့်စေနိုင်ပါလိမ့်မယ်။ နာနိုတက္ကနိုလော်ဂျီက ကျွန်တော်တို့ကို အမြဲတမ်းအသက်ရှင်သန်နိုင်အောင် ဖန်တီးပေးပါလိမ့်မယ်။ အသက် ၆၁ နှစ်အရွယ်၊ မိုက်ခရိုဆော့ဖ်နာယက ဘီလ်ဂိတ်ကိုယ်တိုင်က ကမ္ဘာပေါ်ရှိ ဉာဏ်ရည်အထက်မြက်ဆုံး အနာဂတ္တိဆရာလို့ ချီးကျူးထောပနာပြုခံရတဲ့ သိပ္ပံပညာရှင်ကြီးက “ကျွန်တော်တို့ဟာ လူ့သမိုင်းရဲ့ စိတ်လှုပ်ရှား စရာအကောင်းဆုံး ကာလတစ်ခုကို ဖြတ်သန်းရှင်သန်နေကြပါတယ်” ဟု ပြောကြားခဲ့သည်။ “ကွန်ပြူတာ နည်းပညာ၊ မျိုးရိုးဗီဇအကြောင်း ကျွန်တော်တို့ရဲ့နားလည်မှုနဲ့ ကျွန်တော်တို့ ခန္ဓာကိုယ်ရဲ့ လုပ်ဆောင်ပုံဆော့ဝဲပရိုဂရမ်တွေဟာ မယုံနိုင်စရာ အရှိန်အဟုန်နဲ့ တိုးတက်နေပါတယ်” ♀ ♀ ♀ ♀ ♀ အရှိန်မြင့်တန်ပြန်ကျိုးဥပဒေသ (Law of Accelerating Return) ဟု ခေါ်သည့် သူ၏သီအိုရီအရ လူသားများသည် ရှေ့လာမည့် (၂၅) နှစ်မှာ တူညီတဲ့ကုန်ကျစရိတ်အတွက် နည်းပညာဆိုင်ရာစွမ်းဆောင်နိုင်မှုကို အဆပေါင်းသန်းထောင်ချီ မြှင့်တင်နိုင်လိမ့်မည်ဟု ဆိုပါသည်။ ♀ ♀ ♀ ♀ ♀ ဆဲလ်ပမာဏသာရှိတဲ့ နာနိုဘော့ထ် (Nanobot) လို့ခေါ်တဲ့ သွေးရည် ရေငုပ်သင်္ဘောလေးတွေကို တိရိစ္ဆာန်တွေမှာ စမ်းသပ်ပြီးဖြစ်တယ်လို့ သိပ္ပံပညာရှင်တွေက ဆိုပါသည်။ ဤနာနိုဘော့ထ်ကို အကျိတ်အခဲတွေကို ဖျက်ဆီးချေဖျက်ခြင်းနဲ့ ခွဲစိတ်ကုသမှုတွေမှာ အမာရွတ်မထင်အောင် လုပ်ဆောင်ရာမှာ မကြာခင်အသုံးချနိုင်တော့မည် ဖြစ်ပါသည်။ “အဆုံးစွန်ပြောရရင် နာနိုဘော့ထ်တွေကို လူရဲ့ သဘာဝသွေးဆဲလ်တွေ နေရာမှာအစားထိုးပြီး သူတို့ရဲ့စွမ်းဆောင်ရည်ကို အဆပေါင်းထောင်ချီပြီး တိုးပွားလာအောင်လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်” ဟု သူက ဖြည့်စွက် ပြောကြားသည်။ အရှိန်မြင့်တန်ပြန်ကျိုးဥပဒေသ (Law of Accelerating Return) ဟု ခေါ်သည့် သူ၏သီအိုရီအရ လူသားများသည် ရှေ့လာမည့် (၂၅) နှစ်မှာ တူညီတဲ့ကုန်ကျစရိတ်အတွက် နည်းပညာဆိုင်ရာ စွမ်းဆောင်နိုင်မှုကို အဆပေါင်းသန်းထောင်ချီ မြှင့်တင်နိုင်လိမ့်မည်ဟု ဆိုပါသည်။ နာနိုတက္ကနိုလော်ဂျီသည် လူသားကို မသေမျိုးအဖြစ် အောင်မြင်မှုရအောင် ကူညီလိမ့်မည်ဟု ကာ့ဇွီက ဆိုသည်။ “ဒီရာစုနှစ်ရဲ့ အလယ်ပိုင်းလောက်မှာ ကျွန်တော်တို့ကို ဘယ်သူတွေဖြစ်တယ်ဆိုတာကို ပုံဖော်ပေးတဲ့ ကျွန်တော်တို့ရဲ့ ကိုယ်ခန္ဓာနဲ့ဦးနှောက်တွေရဲ့ အချက်အလက်မိတ္တူတွေကို သိမ်းဆည်း (Back-up) နိုင်ပါလိမ့်မယ်။ ဒီလိုဆိုရင် ကျွန်တော်တို့ တကယ်ကို မသေမျိုးဖြစ်ပြီပေါ့” “နာနိုတက္ကနိုလော်ဂျီဟာ ကျွန်တော်တို့ရဲ့ စိတ်ပိုင်းဆိုင်ရာ စွမ်းဆောင်မှုကိုလည်း ကျယ်ပြန့်တိုးပွားလာစေ ပါလိမ့်မယ်။ စာအုပ်တစ်အုပ်ကို မိနစ်ပိုင်းအတွင်း ရေးသားနိုင်စွမ်းလိုမျိုးပေါ့” “ပုံရိပ်ယောင်အစစ်အမှန် (Virtual-reality) အခြေအနေကို သွားချင်သပဆိုရင်လည်း နာနိုဘော့ထ်တွေက ဦးနှောက်ရဲ့အချက်ပြမှုတွေကို ပိတ်ပစ်ပြီး မိမိသွားလိုရာ ဘယ်နေရာကိုမဆို ခေါ်ဆောင်သွားပါလိမ့်မယ်။ ပုံရိပ်ယောင်လိင်ကိစ္စဟာ (Virtual Sex) ဟာ ပုံမှန်လုပ်ရိုးလုပ်စဉ်တစ်ခု ဖြစ်လာပါလိမ့်မယ်။ ပြီးတော့ ကျွန်တော်တို့ရဲ့နေ့စဉ်ဘ၀မှာ ဘာတွေဖြစ်ပျက်နေတယ်ဆိုတာကို ပုံဖော်ပြတဲ့ “ရုပ်ကြွ” (Hologram) ပုံရိပ်တွေ ဦးနှောက်မှာ ထင်ဟပ်လာပါလိမ့်မယ်” ဟု သူကဆိုသည်။ ဒါ့အပြင် သိပ္ပံပညာရှင်များက အနာဂတ်တွင် လူသားသည် အတုပြုလုပ်ထားသော အရိုး၊ ကိုယ်တွင်းအင်္ဂါများဖြင့် “လူတစ်ပိုင်းစက်တစ်ပိုင်း” (Cyborg) များဖြစ်လာကြလိမ့်မည်ဟုလည်း ဟောကိန်းထုတ်ခဲ့သည်။